Due Date (2025) IMDb Rating (6.5) / Rotten Tomatoes (39%) ပီတာဟိုင်းမန်းဆိုတဲ့ ဗိသုကာပညာရှင် (Robert Downey Jr.) က သူ့ဇနီးမီးဖွားခါနီး အလုပ်ကိစ္စတစ်ခုနဲ့ အတ္တလန္တာကိုရောက်နေတဲ့အတွက် ကလေးမမွေးခင် လော့စ်အိန်ဂျလိစ်ကို အချိန်မီပြန်ရောက်နိုင်ရေး အတော်လေးစိတ်လှုပ်ရှားနေသူ ဖြစ်တယ်။ ဒီလိုနဲ့ လေဆိပ်ကို ရောက်ရောက်ချင်းပဲ သံသယဝင်စရာကောင်းတဲ့လူတစ်ယောက် (Zach Galifianakis) နဲ့ ဆုံမိတော့တယ်။ သူနဲ့စတွေ့ကတည်းက ပီတာတစ်ယောက် အလွဲလွဲအချော်ချော်တွေ ဖြစ်တာမှ လေကြောင်းရဲက သူ့ကိုရာဘာကျည်နဲ့ ပစ်ပြီး No-fly list ထဲပါ စာရင်းသွင်းခံရတဲ့အထိပဲ။ ဒီတော့ သူ့ခမျာ အမေရိကားရဲ့ အရှေ့ဘက် အတ္တလန္တာကနေ အနောက်ဘက် လော့စ်အိန်ဂျလိစ်အထိ ပြန်ဖို့ နည်းလမ်းရှာရတော့တယ်။ ကားလမ်းကနေ ပြန်ဖို့စီစဉ်ပြန်တော့လည်း သူ့အိတ်တွေက လေယာဉ်ပေါ်ပါသွားတာဖြစ်တဲ့အတွက် အိုင်ဒီမရှိတော့ ကားငှားမရပြန်။ အဲဒီလိုဖြစ်နေချိန် ခုနက သံသယဝင်စရာကောင်းတယ်ဆိုတဲ့ အီသန်က ကားတစ်စီးကိုငှားလာပြီး သူလည်း No-fly list ထဲပါသွားတဲ့အတွက် လော့စ်အိန်ဂျလိစ်ကိုကားနဲ့ပြန်ရမှာ .. သူနဲ့အတူလိုက်ခဲ့ပါလို့ ခေါ်တော့တယ်။ ခရီးစဉ်တလျှောက် အီသန်က ပီတာကို ဘယ်လောက်ထိမွှေမလဲ။ ပီတာရော သူ့မိန်းမ မီးမဖွားခင် လော့စ်အိန်ဂျလိစ်ကို ရောက်အောင်ပြန်နိုင်ပါ့မလား။ Comedy/ Adventure ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး ရုံတင်ဝင်ငွေအတော်လေးကောင်းခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ File size… (2 GB) / (930 MB) Quality…. Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy,Drama Duration…. 01:35:34 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်