East of Wall (2025) ++++++++ ဒီဇာတ်လမ်းလေးကတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က မြင်းခြံကြီးတစ်ခုမှာနေထိုင်တဲ့ မုဆိုးမတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ် တက်ဘီဟာ သူ့ယောက်ျားဆုံးသွားပြီးကတည်းက မြင်းတွေမွေးထားတဲ့ ခြံအကျယ်ကြီးထဲမှာ ကလေးတွေနဲ့အတူ နေထိုင်ပါတယ်... သူဟာသနားကြင်နာတတ်သူဖြစ်တာကြောင့် အဆင်မပြေကြတဲ့အသိမိတ်ဆွေတချို့ရဲ့ ဆယ်ကျော်သက် ကလေးတွေကိုလည်း ခေါ်ပြီး ကျွေးမွေးထားပါသေးတယ်.. သူဟာ မြင်းတွေနဲ့ပတ်သက်ရင် အကဲဖြတ်သုံးသပ်တာ ကျွမ်းကျင်သူဖြစ်တာကြောင့် တခြားသူတွေ မလိုချင်တော့လို့ သားသတ်ရုံကိုပို့မဲ့မြင်းတွေကို ဈေးပေါပေါနဲ့ဝယ်ပြီး သေချာလေ့ကျင့်ပေးပြီးမှ လေလံဈေးနဲ့ ပြန်လည်ရောင်းချတာဖြစ်ပါတယ်... ဒါပေမဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေလို့လား ကံမကောင်းလို့ပဲလား သူ့ရဲ့မြင်းတွေဟာ အရည်အသွေးကောင်းပေမဲ့ ဈေးကောင်းမပေးကြပါဘူး.. ဒါကြောင့် ငွေရေးကြေးရေးဆိုင်ရာ အခက်အခဲတွေ အမြဲတမ်း ကြုံတွေ့နေရသူဖြစ်ပါတယ်.. ဒီလိုနဲ့ တစ်နေ့မှာ ရွိုင်းဆိုတဲ့ လူချမ်းသာတစ်ယောက်ပေါ်လာပြီး တက်ဘီရဲ့ မြင်းခြံကြီးကို မက်လောက်စရာ ဈေးနဲ့ ဝယ်ယူဖို့ကမ်းလှမ်းပါတယ်... တက်ဘီကလည်း ငွေရေးကြေးရေးကြပ်တည်းနေချိန်ဖြစ်တဲ့အတွက် သူနဲ့သူမိသားစု အဆင်ပြေပြေ နေနိုင်စေမဲ့ ငွေပမာဏကို လိုချင်ခဲ့ပါတယ်... ဒါပေမဲ့ တစ်ဘက်မှာ အဲဒီမြင်းခြံကြီးက သူ့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းလို ဖြစ်နေတာကြောင့် လက်လွှတ်ဖို့ တွေဝေနေခဲ့ပါတယ်... ဒီလိုနဲ့ တက်ဘီတစ်ယောက် သူ့မိသားစုနဲ့ ကလေးတွေအဆင်ပြေစေဖို့ ဘယ်လမ်းကို ရွေးသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်... မြင်းတွေကို မွေးပြီးလေ့ကျင့်ပေးတဲ့ အမေရိကန် Cowboy ဆန်ဆန်ဘဝတွေအကြောင်းကို တွေ့မြင် ခံစားရမှာပဲဖြစ်ပါတယ်.... File Size… (1.45GB) / (855MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 37m Genre … Drama Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်