Rifle Club (2024) ခပ်ကြမ်းကြမ်းမှကြိုက်တဲ့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် ဇာတ်လမ်းနာမည်အတိုင်း အပစ်အခတ်အတိုက်အခိုက်ခန်းတွေ တ၀ကြီးကြည့်ရမဲ့ မလေယာလမ်စကားပြော အက်ရှင်ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းရဲ့ ထူးခြားချက်တစ်ခုကတော့ Hanumankind လို့ လူသိများတဲ့ အိန္ဒိယ Rapper အဆိုတော်ရဲ့ ပွဲဦးထွက်ရုပ်ရှင် ဖြစ်နေတာပါပဲ။ ဇာတ်လမ်းကို လက်နက်မှောင်ခိုသမား ဒုစရိုက်ဂိုဏ်းခေါင်းဆောင်ကြီး ဒါယာနမ်ရဲ့သားအငယ်ဖြစ်သူဘီချူ မွေးနေ့ပွဲကျင်းပနေတာနဲ့ အစပျိုးထားပါတယ်။ အဲဒီနေ့ညမှာပဲ လူရမ်းကားလေးဘီချူ မတော်တဆ သေဆုံးသွားတာကနေ တကယ့်ပြဿနာ စတော့တာပါပဲ။ ဘီချူတိုနေထိုင်ရာမြိုနဲ့အဝေးက အိန္ဒိယအနောက်ပိုင်း တောင်တန်းဒေသတစ်နေရာမှာတော့ မုဆိုးတွေစုပေါင်းဖွဲစည်းထားတဲ့ "Rifle Club" ဆိုတဲ့ သမိုင်း၀င်အသင်းအဖွဲတစ်ခုရှိပါတယ်။ တစ်နေ့တော့ ရုပ်ရှင်မင်းသားတစ်ယောက်ဟာ သူ့ရုပ်ရှင်အတွက် လေ့လာရေးအဖြစ် အဲဒီကလပ်ကို ရောက်ရှိလာပါတယ်။ ဖြစ်ချင်တော့ သူရောက်ပြီး သိပ်မကြာခင်မှာပဲ ဒါယာနမ်ရဲ့လက်နက်မှောင်ခိုဂိုဏ်းနဲ့ Rifle Club က အဖွဲ၀င်တွေရဲ့ တကယ်တိုက်ပွဲအစစ်နဲ့ ကြုံတွေ့ရပါတော့တယ်။ အဲဒီသူသေကိုယ်သေတိုက်ကျတဲ့ ရန်ပွဲကြီးမှာ ဘယ်သူက အနိုင်ရသွားမလဲ၊ Rifle Club ကို မှောင်ခိုဂိုဏ်းသားတွေ လာရောက်ရန်မူရတဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းဇာတ်ကွက် အပြောင်းအလဲများနဲ့အတူ စိတ်၀င်တစား ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~ToMo~V~KKKZ ဖြစ်ပါတယ်။) File size… 1.4 GB / 824 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 53m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cym~ToMo~V~KKKZ
ဇာတ်ကားကြည့်ရန်