Carmeni Selvam (2026) လောဘရဲ့လမ်း IMDb (7.5/10) ဆဲလ်ဗမ် ကရိုးသားဖြောင့်မတ်တဲ့ သူတစ်ယောက်ဖြစ်ပြီးတော့ ဇနီးသည်ရှန်သီ ရယ်သားလေးတစ်ယောက်ရယ် နဲ့အတူအေးချမ်းတဲ့ မိသားစုဘ၀လေးကိုပိုင်ဆိုင်ထားပါတယ်။ သူက ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင် ဆမ်ပတ် ဆီမှာကားဒရိုင်ဘာအလုပ်ကိုလုပ်ကိုင်ပြီးတော့ သူ့ရဲ့ရိုးသားတဲ့ဘ၀နဲ့ သူ့ သူဌေးရဲ့စည်းစိမ်ချမ်းသာရှင်ဘ၀ ကမိုးနဲ့မြေလိုကွာခြားလွန်းနေတာပေါ့။ တစ်နေ့တော့ ဆဲလ်ဗမ်ရဲ့ အေးချမ်းတဲ့ဘဝက ပတ်၀န်းကျင်၊လူမှုရေးနဲ့ငွေကြေးဆိုင်ရာ ဖိအားတွေကြောင့် စတင်ပြီးတော့ယိမ်းယိုင်လာပါတော့တယ်။မထင်မှတ်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဆဲလ်ဗမ်တို့ မိသားစုအတွက် အလှည့်အပြောင်းဖြစ်လာပြီး ငွေကြေးနဲ့ လူမှုဂုဏ်ဒြပ်အပေါ် အစွဲအလမ်းကြီးလာစေတဲ့ အစပြုချက် ဖြစ်လာခဲ့ပါတယ်။ရိုးရှင်းအေးချမ်းတဲ့ မိသားစုဘဝလေးတစ်ခုကို ပိုင်ဆိုင်ထားသူတစ်ယောက်ဟာ အတိုင်းအဆမရှိတဲ့ လောဘဇောတွေနောက်ကို လိုက်ပါသွားတဲ့အခါ သူတည်ဆောက်ထားတဲ့ လောကကြီးတစ်ခုလုံး ပရမ်းပတာဖြစ်လာပြီး မမျှော်လင့်ထားတဲ့ အလွဲအချော်တွေနဲ့ သင်ခန်းစာတွေ ဖြစ်ပေါ်လာတဲ့အခါမှာတော့.....ဘ၀ဆိုတာ ပိုက်ဆံချမ်းသာမှ ပျော်စရာကောင်းတဲ့ဘ၀မဟုတ်ပဲ စိတ်ချမ်းသာတဲ့ဘ၀ ကမှ တကယ့်ကိုပျော်စရာကောင်းတဲ့ဘ၀ ဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size… 1.5 GB / 900 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်