Agatha (1979) IMDb Rating (6.2) / Rotten Tomatoes (67%) Agatha Christie ဆိုတာ Death on the Nile တို့လိုနာမည်ကြီးစုံထောက်ဝတ္ထုကြီးတွေရေးခဲ့တဲ့ စာရေးဆရာမကြီးဖြစ်ပါတယ်။ ဒီကားက ကမ္ဘာကျော် စုံထောက်စာရေးဆရာမကြီး Agatha Christie ရဲ့ ဘဝမှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အထူးဆန်းဆုံး ပဟေဠိတစ်ခုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ၁၉၇၉ ခုနှစ်ထွက် "Agatha" ဇာတ်ကားပဲ ဖြစ်ပါတယ်။ အော်စကာဆုရ မင်းသားကြီး Dustin Hoffman နဲ့ မင်းသမီးကြီး Vanessa Redgrave တို့ရဲ့ အားပြိုင်မှုကို ကြည့်ရမှာတင် တန်နေပါပြီ။ Agatha Christie ရဲ့ ပရိသတ်တွေနဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေရဲ့ အနုပညာကို ခံစားချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ Classic ကားတစ်ကားပါ။ ၁၉၂၆ ခုနှစ်မှာ Agatha Christie (Vanessa Redgrave)ဟာ သူမရဲ့ ခင်ပွန်းဖြစ်သူက တခြားအမျိုးသမီးတစ်ဦးနဲ့ ဖောက်ပြန်နေပြီး ကွာရှင်းခွင့်တောင်းတာကို ခံလိုက်ရပါတယ်။ စိတ်ထိခိုက်သွားတဲ့ Agatha ဟာ တစ်ညမှာ အိမ်ကနေထွက်သွားခဲ့ပြီး ၁၁ ရက်တိုင်တိုင် သတင်းအစအနမရဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။ တစ်နိုင်ငံလုံးက သူမကို လိုက်ရှာနေချိန်မှာတော့ အမေရိကန် သတင်းထောက်တစ်ဦးဖြစ်သူ Wally Stanton (Dustin Hoffman) က သူမကို ဟိုတယ်တစ်ခုမှာ နာမည်အတုနဲ့ တည်းခိုနေတာကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီဇာတ်ကားဟာ အဲဒီ ၁၁ ရက်အတွင်း Agatha Christie ဘာတွေလုပ်ခဲ့သလဲ၊ သူမ ဘာကြောင့် ပျောက်ဆုံးသွားတာလဲဆိုတာကို စိတ်ကူးယဉ်ဆန်ဆန်နဲ့ လျှို့ဝှက်ချက်တွေထည့်ပြီး ပုံဖော်ထားတာပါ။ သူမဟာ တကယ်ပဲ စိတ်ဓာတ်ကျလို့ ပုန်းနေခဲ့တာလား? ဒါမှမဟုတ် သူမရဲ့ ခင်ပွန်းကို လက်စားချေဖို့အတွက် သူမကိုယ်တိုင် ရေးနေကျ စုံထောက်ဝတ္ထုတွေထဲကလို အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်နေတာလား? ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမယ့်ကားကောင်းတစ်ကားပါ။ File size… (2.8 GB) / (1.3 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Mystery,Thriller Duration…. 01:38:27 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်