တယ်ရီဆဲဗေ့ဂျ်ဟာ တိုင်းပြည်အတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့ပြီး စစ်မြေပြင်မှာ ဆုတံဆိပ်တွေ ရခဲ့တဲ့ စစ်သားတစ်ယောက်ပါ။ ဒါပေမယ့် တာဝန်ပြီးလို့ အိမ်ပြန်ရောက်ချိန်မှာ အစိုးရရဲ့ လျစ်လျူရှုမှုကို ခံရပြီး သူ့ဘဝက တဖြည်းဖြည်း အဆင်မပြေဖြစ်လာတယ်။ နောက်ဆုံး သမီးအသက်ကို ကယ်ဖို့ ဆေးဖိုးလိုလာတဲ့အခါ ကြံရာမရတော့ဘဲ ဒုစရိုက်သမားဆီက လုယူဖို့ ကြိုးစားရင်း အဖမ်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ သားအဖနှစ်ယောက်စလုံး အခက်တွေ့နေရချိန်မှာ ရဲမင်းကြီးဟာဗီက ကမ်းလှမ်းချက်တစ်ခုနဲ့ ဆက်သွယ်လာတယ်။ ပုဂ္ဂလိကအကျဉ်းထောင်တွေထဲက အကျင့်ပျက်ခြစားမှုကို ဖော်ထုတ်ဖို့ ဆဲဗေ့ဂျ်က သူလျှိုအဖြစ် ဝင်ပြီး အထောက်အထားယူပေးရမှာပါ။ အဲဒီအလုပ်ကို လုပ်ပေးရင် သူကြုံနေရတဲ့ ဒုက္ခတွေကို တာဝန်ယူဖြေရှင်းပေးမယ်လို့ ဟာဗီက ကတိပေးတယ်။ တခြားရွေးစရာမရှိတဲ့ ဆဲဗေ့ဂျ်လည်း ထောင်ထဲဝင်ပြီး လျှို့ဝှက်ချက်တွေကို စုံစမ်းပါတော့တယ်။ ဒါပေမယ့် သူရှာတွေ့လာတဲ့ အမှန်တရားတွေက သူ့အခြေအနေကို ပိုဆိုးလာစေတယ်။ Tyrese Gibson နဲ့ Terrence Howard တို့ ပါဝင်ထားတဲ့ အက်ရှင်၊ မှုခင်းဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်