ဆီဘက်ရှန်နဲ့ ကတ်သရင်းတို့က သွေးမတော်တဲ့ မောင်နှမတွေဖြစ်ပေမယ့် နှစ်ယောက်ကြားမှာ ဆွဲဆောင်မှုတွေ ရှိနေကြပါတယ်။ နှစ်ယောက်လုံး အချစ်ရေးရှုပ်ထွေးသူတွေဖြစ်ပြီး ဆီဘက်ရှန်က ကတ်သရင်းကို လိုချင်နေတာပါ။ ကတ်သရင်းကလည်း ဒါကိုသိလို့ သူ့ကို မထိတထိ ဆွဲဆောင်ကျီစယ်နေတတ်တယ်။ တစ်နေ့မှာတော့ ကတ်သရင်းက ဆီဘက်ရှန်နဲ့ အလောင်းအစားတစ်ခု လုပ်ပါတယ်။ နွေရာသီမကုန်ခင် သူတို့ကျောင်းအုပ်ရဲ့ သမီးဖြစ်တဲ့ ရိုးသားဖြူစင်တဲ့ မိန်းကလေးကို ဆွဲဆောင်ပြီး အတူအိပ်နိုင်ရမယ်။ အောင်မြင်ရင် ကတ်သရင်းနဲ့ အတူအိပ်ခွင့်ရမှာဖြစ်ပြီး ရှုံးသွားရင်တော့ ဆီဘက်ရှန်ရဲ့ အမြတ်နိုးဆုံးပိုင်ဆိုင်မှုကို ကတ်သရင်းက ယူမှာပါ။ ဒီမက်လုံးနဲ့ ဆီဘက်ရှန်က ကောင်မလေးကို ချဉ်းကပ်လာတယ်။ ကောင်မလေးက သူ့ကို လက်ခံပါ့မလား၊ ကတ်သရင်းနဲ့ လုပ်ထားတဲ့ အလောင်းအစားကရော ဘယ်လိုဖြစ်သွားမလဲ။ ၁၇၈၂ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စာပေလက်ရာကို အခြေခံရိုက်ကူးထားပြီး အစပိုင်းမှာ ဘတ်ဂျက်နည်းတဲ့ ရုပ်ရှင်အဖြစ် ရည်ရွယ်ခဲ့ပေမယ့် ရုံဝင်ငွေအောင်မြင်မှု ရခဲ့သလို Cult Classic အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။
ဇာတ်ကားကြည့်ရန်