ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမန်တွေရဲ့ ယူ-ဘုတ်ရေငုပ်သင်္ဘောတွေဟာ နေရာအနှံ့က ပေါ်လာပြီး အင်္ဂလန်ကို ထောက်ပံ့မယ့် လက်နက်ခဲယမ်းနဲ့ ရိက္ခာတင်သင်္ဘောတွေကို တိုက်ခိုက်ဖျက်ဆီးနေပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကြောင့် အင်္ဂလန်ဟာ အကြီးအကျယ် အကျပ်ရိုက်နေရတယ်။ ရေငုပ်သင်္ဘောတွေကို ရှောင်နိုင်ဖို့နဲ့ ပြန်လည်တိုက်ခိုက်နိုင်ဖို့အတွက် ဂျာမန်တွေ ဆက်သွယ်ရာမှာသုံးတဲ့ Enigma စက်ရဲ့ ဝှက်စာအသံလွှင့်ချက်တွေကို ဖော်ထုတ်နိုင်ဖို့ လိုနေပါတယ်။ ဒီအခြေအနေထဲမှာ သင်္ချာပညာရှင်တစ်ယောက်၊ ပျောက်ဆုံးနေတဲ့ သူ့ချစ်သူ၊ စုံထောက်အရာရှိတစ်ယောက်နဲ့ သူလျှိုတစ်ယောက်တို့ ပါဝင်လာကြတယ်။ သူတို့ကြားက လှည့်ကွက်တွေ၊ အားပြိုင်မှုတွေ၊ အတ္တနဲ့ ချစ်ခြင်းမေတ္တာတွေဟာ စစ်ပွဲရဲ့ အနိုင်အရှုံးအထိ သက်ရောက်နိုင်မလားဆိုတာကို ဆက်ပြထားပါတယ်။ Dougray Scott နဲ့ Kate Winslet တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ စစ်ပွဲနောက်ခံ အချစ်ဒရာမာပါ။
ဇာတ်ကားကြည့်ရန်