The Verdict (2025) IMDb Rating (6.2) ဒီကားလေးကတော့ အင်ဒိုနီးရှားနဲ့ တောင်ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ အက်ရှင် ဒရာမာ ဇာတ်ကားကောင်းလေး တစ်ကားပါ။ တရားဥပဒေဆိုတာ ပိုက်ဆံရှိသူတွေ၊ အာဏာရှိသူတွေအတွက်ပဲလား ဆိုတာကို မီးမောင်းထိုးပြထားတဲ့ ကားမျိုးပေါ့။ ဇာတ်လမ်းအကျဉ်း ရာကာ ဆိုတဲ့ ရိုးသားတဲ့ တရားရုံး လုံခြုံရေးဝန်ထမ်း တစ်ယောက်ရှိတယ်။ သူ့မိန်းမ နီနာက ကိုယ်ဝန်ဆောင်ထားရတဲ့ ရှေ့နေပေါက်စလေးပေါ့။ သူတို့ဘဝလေးက သာသာယာယာ ရှိနေပေမဲ့၊ တစ်နေ့ကျတော့ နီနာဟာ ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ်။ အဲဒီ လူသတ်ကောင်က သူဌေးသား တစ်ယောက်ဖြစ်နေပြီး၊ သူ့ကို ကာကွယ်ပေးဖို့ ကောက်ကျစ်တဲ့ ရှေ့နေတစ်ယောက်က အမှုလိုက်ပေးပါတယ်။ ရာကာ တစ်ယောက် သူ့မိန်းမအတွက် တရားမျှတမှု ရဖို့ ကြိုးစားပေမဲ့၊ တရားခွင်ဆိုတာ ငွေကြေး၊ အာဏာနဲ့ အဆက်အသွယ်တွေ ကြားမှာ လှည့်စားခံနေရတာကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရတယ်။ အဲဒါနဲ့ပဲ ဥပဒေစနစ်ကြီးကို စိတ်ပျက်သွားတဲ့ ရာကာဟာ နောက်ဆုံးမှာတော့ တရားခွင်ကို သေနတ်တစ်လက်နဲ့ ဝင်စီးပြီး သူကိုယ်တိုင် တရားစီရင်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာ ရင်တမမနဲ့ ကြည့်ရမယ့် ကားပါ။ Rio Dewanto နဲ့ Reza Rahadian တို့လို နာမည်ကြီး သရုပ်ဆောင်တွေ ပါဝင်ထားပြီး သရုပ်ဆောင်ချက်တွေက တကယ့်ကို အသက်ဝင်ပါတယ်။ တရားခွင်ထဲက အားပြိုင်မှုတွေ၊ လူမှုကွန်ရက်ရဲ့ လွှမ်းမိုးမှုတွေနဲ့ အကျင့်ပျက်ခြစားမှုတွေကို ပီပီပြင်ပြင် ရိုက်ကူးပြထားလို့ အက်ရှင် မှုခင်းကားတွေ ကြိုက်တယ်ဆိုရင် ကြည့်ရတာ တန်စေမယ့် ဇာတ်ကားလေးပါ။ File size… (1.5 GB) / (870 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Crime,Drama,Thriller Duration…. 01:40:29 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်