Ozora: Penganiayaan Brutal Penguasa Jaksel (2025) IMDb Rating (6.1) အင်ဒိုနီးရှားနိုင်ငံမှာ တကယ်ဖြစ်ပွားခဲ့ပြီး တစ်ကမ္ဘာလုံးကပါ စိတ်ဝင်စားခဲ့ကြတဲ့ David Ozora အမှုမှန်ကို အခြေခံရိုက်ကူးထားတဲ့ Crime / Legal Drama ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ အာဏာရှိသူတွေရဲ့ သားသမီးတွေက သာမန်ပြည်သူတွေအပေါ် အနိုင်ကျင့်ဗိုလ်ကျမှုကို တရားဥပဒေနဲ့ ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အဆင့်မြင့်အရာရှိကြီးတစ်ဦးရဲ့ သားဖြစ်သူရဲ့ ရက်စက်စွာ ရိုက်နှက်မှုကို ခံခဲ့ရလို့ သတိလစ်မေ့မြော ကိုမာသွားခဲ့ရတဲ့ လူငယ်လေး David Ozora အကြောင်းပါ။ အာဏာနဲ့ ငွေကြေးနောက်ခံရှိတဲ့ တရားခံဘက်က အမှုကို ဖုံးကွယ်ဖို့ ကြိုးစားနေချိန်မှာ၊ David ရဲ့ ဖခင်ဖြစ်သူ Jonathan ဟာ သူ့သားအတွက် တရားမျှတမှုရဖို့ ဘယ်လိုမျိုး အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ရသလဲဆိုတာကို ရင်နင့်စရာ မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားဟာ ခေတ်သစ်လူ့အဖွဲ့အစည်းအတွင်းက "ကိုယ်ကျင့်တရားပျက်ပြားမှု"၊ "အာဏာအလွဲသုံးစားလုပ်မှု" နဲ့ "ဆိုရှယ်မီဒီယာရဲ့ အခန်းကဏ္ဍ" တွေကိုပါ ထည့်သွင်းရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ File size… (1.1 GB) / (750 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Crime,Drama,Mystery,Thriller Duration…. 01:49:40 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်