Drug dealerတွေ Gangsတွေနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်၊ စီးရီးတိုင်း မပေါက်မြောက်တာ ရှားသလို Audienceတွေ အကြိုက်မတွေ့တဲ့ ဇာတ်ကားဆိုတာခပ်ရှားရှားပါ။ အခုတစ်ခေါက်လည်း IMDb 8.3 Rotten Tomatoes 100%အပြည့်နဲ့ အမိုက်စား Drugs Crime Seriesတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီ၊ Power Book IV : Forceက Starzရဲ့ original seriesဖြစ်ပြီး နာမည်ကြီးစာအုပ်တွဲဖြစ်တဲ့ Powerရဲ့ Sequel seriesတွေထဲက တစ်ခုပါ။ Drugs Gangsတွေအသားပေးထားတဲ့ series ဖြစ်ပြီး TV-MA ဖြစ်တာကြောင့် အပစ်အခတ် အသတ်အဖြတ်တွေ၊ Bed Sceneတွေများစွာပါသလို အပြောအဆိုတွေလည်း ရေလည်ကြမ်း ပါတယ်။ Total Episodes 10ပိုင်းပါဝင်မှာပါ။ ဇာတ်လိုက်ဖြစ်သူ Tommy Eganဟာ နယူးယောက် Drug gang လောကတိုက်ပွဲမှာ သူငယ်ချင်းဖြစ်သူ Ghostကို ဆုံးရှုံးလိုက်ရပြီး Chicagoမြို့ကို ပြောင်းကာ Drugလောကထဲ ပြန်ဝင်ဖို့ ကြိုးစားခဲ့ ပါတယ်။ Chicagoမြို့မှာလည်း CBI အဖွဲ့နဲ့ Flynn Family တို့က မြို့တောင်နဲ့မြောက်အဖြစ် နယ်မြေပိုင်းကာ တစ်စင်ထောင်လျက် ရှိနေသလို ဆားဘီးယား၊ ဂျမေကာနဲ့ အိုင်းရစ်ရှ်တွေကလည်း အဖွဲ့ ငယ်ကိုယ်စီနဲ့ ခြေချင်းလိမ်နေတာကြောင့် Tommyအနေနဲ့ဒီမြို့မှာ ဝင်ဆန့်ဖို့မလွယ်ဘဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ငယ်စဉ်ကတည်းက Drugလောကထဲ ကြီးပြင်းလာသူမလို့ အရင်ဆုံး surviveဖြစ်နိုင်ရေးအတွက် မြို့ရဲ့အင်အားအကြီးဆုံး CBIနဲ့ Flynnအဖွဲ့တွေကို ပြေးကပ်ပါတယ်။ Chicago drug လောကမှာ ကိုယ့်အပိုင်းမှာ ကိုယ့်ရဲ့ productပဲ ကိုယ်ရောင်းပြီး တခြားအဖွဲ့နဲ့မပတ်သတ်တဲ့ ထုံးစံတစ်ခုရှိပါတယ်။ ဇာတ်လိုက်ကြီး Flynnကတော့ နယ်ခံမဟုတ်ဘူးဆိုတဲ့ reasonနဲ့ မြို့ထုံးစံတွေ ပြောင်ပြောင်တင်းတင်းချိုးဖောက်တယ်။ အင်အား တောင့်တဲ့ ၂ဖွဲ့ကို ရင်ကြားစေ့ပေးသလို အယောင်ပြရင်း ကိုယ်ပိုင် အင်အားတောင့်လာအောင်၊ တစ်စင်ထောင်နိုင်အောင်၊ Chicago ကို သူတစ်ဦးတည်းမင်းမူနိုင်အောင် ကြိတ်ကြံပါတော့တယ်။ သူ့ရဲ့ အကြံ အောင်မအောင်ကိုတော့ ဒီကြမ်းပေ့ရမ်းပေ့ဆိုတဲ့ Seriesနဲ့ ကိုယ်တိုင်အဖြေရှာကြည့်လိုက်ပါ။ File Size – 900MB / 350MB @Episode Quality – 1080p NF WEB DL / 720p Duration – 60 minute (@Episode) Total Episodes: 10 Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Crime / Drama Translator – JimX & Poe & Eliza & Shwe Pwint Encoder – YK
ဇာတ်ကားကြည့်ရန်