ဘီထရက်တို့မိသားစု ကျိန်စာသင့်နေတယ်လို့ တစ်ရွာလုံးက ယုံကြည်ထားကြပါတယ်။ အဘွားက အသတ်ခံခဲ့ရပြီး အဖေကလည်း စိတ်ကျန်းမာရေးမကောင်းဘူး။ အမေကတော့ ညတိုင်းလိုလို အိပ်မက်ဆိုးတွေ မက်လွန်းလို့ ဆရာဝန်နဲ့ ပြနေရပါတယ်။ ခင်ပွန်းဆုံးသွားတဲ့ ဘီထရက်ဟာ သမီးကိုခေါ်ပြီး အဲဒီမိဘအိမ်မှာ ပြန်နေနေသူပါ။ အိမ်နားက နုန်းမြေထဲမှာ အလောင်းတစ်လောင်း တူးဖော်တွေ့ရှိရာက ဘူမိဗေဒအဖွဲ့တစ်ဖွဲ့ ရောက်လာပါတယ်။ နောက်ထပ်တွေ့လာတဲ့ အလောင်းတွေနဲ့ဆို ရှစ်လောင်းရှိလာပြီး အားလုံးက အမျိုးသမီးတွေဖြစ်သလို သေဆုံးရတဲ့အကြောင်းရင်းလည်း တူနေတယ်။ အဲဒီနုန်းမြေနဲ့ အနီးဆုံးမှာ နေထိုင်နေသူက ဘီထရက်ပါ။ ခြောက်လှန့်မှုတွေကြောင့် ထိတ်လန့်နေရချိန်မှာ သူစိမ်းတစ်ယောက်က အိမ်ထဲဝင်လာပြီး သူတို့ကို သတ်ဖို့ ကြိုးစားလာတယ်။ သူတို့ကို ဘာကြောင့် ပစ်မှတ်ထားတာလဲ၊ မိသားစုကျိန်စာဆိုတာကရော ယုံတမ်းစကားပဲလားဆိုတဲ့ မေးခွန်းတွေ ပေါ်လာပါတယ်။ နယ်သာလန်မြောက်ပိုင်းဒေသတစ်ခုရဲ့ ဒဏ္ဍာရီကို အခြေခံထားတဲ့ ထိတ်လန့်သည်းဖိုကားပါ။
ဇာတ်ကားကြည့်ရန်