Titip Bunda di Surga-Mu (2026) IMDb Rating (6.7) အာလျာ၊ အာဒမ်နဲ့ အာဇမ်တို့ဟာ လက်တလောမှာ ပြဿနာပေါင်းစုံဝိုင်းနေတဲ့ မောင်နှမသုံးယောက်ပါ။ သူတို့သုံးယောက်လုံး ဘယ်လိုမှထွက်ပေါက်ရှာမတွေ့အောင် အကျပ်ရိုက်လာချိန်မှာတော့ အငယ်ဆုံးဖြစ်သူ အာဇမ်ကနေ အကြီးနှစ်ယောက်ကို စိတ်ကူးတစ်ခုတင်ပြလာပါတယ်။ အဲ့ဒါကတော့ သူတို့ရဲ့ မိဘတွေမှာ စုထားတဲ့ ငွေတွေအပုံလိုက်ရှိနေပြီး အလှူအတန်းဝါသနာပါတဲ့ သူတွေပီပီ အဲ့ဒီငွေတွေကို သူများကို လှူမပစ်ခင် ဦးအောင် ခိုးကြဖို့ပါပဲ။ ဒီလိုနဲ့မိဘနှစ်ပါးလုံး အိမ်ကနေ ညအိပ်ခရီးထွက်ချိန်မှာ သူတို့မောင်နှမ သုံးယောက်ဟာ မိဘတွေအိမ်ကြီးထဲကိုခိုးဝင်ပြီးမကြားဝံ့မနာသာ အကြံအစည်ကြီးကို အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့ရဲ့ အစီအစဉ်အောင်မြင်သွားမလား? ဒီလိုကြီးမားတဲ့ ပြစ်မှုကြီးအတွက် ဘယ်လိုနောက်ဆက်တွဲတွေဖြစ်လာမလဲ? သူတို့သုံးယောက်ဟာ မိဘတွေရဲ့ ခွင့်လွှတ်ခြင်းကို ရနိုင်ပါဦးမလား? ဆက်လက်ရှုစားကြပါ။ သာမန်မိသားစုဒရာမာတွေလိုရိုးအီမနေပဲ သားသမီးတွေက မိဘအရင်းတွေအပေါ်ပြစ်မှုကျူးလွန်ဖို့ကြံစည်ရာကနေ လျှို့ဝှက်ချက်တွေပေါ်ပေါက်လာတဲ့ ဆန်းသစ်ပြီး စိတ်ကူးကောင်းတဲ့ ဇာတ်အိမ်နဲ့စတင်ထားပါတယ်။ အစပိုင်းမှာ ပေါ့ပေါ့ပါးပါးနဲ့ရယ်နေရ ရာကနေ နောက်တစ်ပိုင်းကတော့ မျက်ရည်မဆည်နိုင်အောင်ခံစားကြရမယ့် ရသမြောက် မိသားစုဒရာမာကားကောင်းတစ်ကားဖြစ်ပါတယ်။ မိဘတွေနေရာရောက်နေတဲ့သူတွေရော သားသမီးတွေနေရာက သူတွေပါ ကြည့်ရှုအတွေးပွားနိုင်မယ့် ကားမျိုးပါ။ File size… (1.1 GB) / (700 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Family Duration…. 01:52:45 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်