★ 6.5
ဇာတ်ကား / 1951M
မြို့ထဲမှာ ကလေးတွေကိုပဲ ရွေးသတ်နေတဲ့ စိတ္တဇလူသတ်သမားကြောင့် ရဲတွေက မြို့တစ်မြို့လုံးကို စစ်ဆေးပါတော့တယ်။ ဒါပေမဲ့ ရဲတွေရဲ့ စစ်ဆေးမှုကြောင့် ရာဇဝတ်ဂိုဏ်းသမားတွေပါ စီးပွားရေးကျပြီး အလုပ်တွေ ရပ်လိုက်ရပါတယ်။ ဒီလိုနဲ့ ဂိုဏ်းခေါင်းဆောင် "ချာလီ" ဟာ သူခိုးတွေ ပေါင်းပြီး လူသတ်သမားကို ရဲတွေထက်အရင်ဦးအောင် ဖမ်းဆီးနိုင်ဖို့ ကြံစည်ပါတော့တယ်။ ရဲတွေဖက်ရော မြေအောက်ဂိုဏ်းတွေကပါ စိတ္တဇလူသတ်သမားကို ဖမ်းဆီးနိုင်ဖို့ အပြင်းအထန် ကြိုးစားနေတဲ့အခါမှာတော့.... ဒီစိတ္တဇလူသတ်သမားဟာ ရဲလက်ထဲ အရင်ရောက်မလား၊ ဒါမှမဟုတ် ပိုရက်စက်တဲ့ လူမိုက်တွေ လက်ထဲ ရောက်သွားမလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
ဇာတ်ကားကြည့်ရန်