★ 7.1
ဇာတ်ကား / 2023Stan Lee
Stan Lee ရဲ့ ငယ်ဘဝကနေ အိမ်ထောင်ရေး၊ အလုပ်နဲ့ ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့အကြောင်းတွေကို ပြန်ပြောပြထားတဲ့ အတ္ထုပ္ပတ္တိမှတ်တမ်းရုပ်ရှင်ပါ။ Marvel နဲ့ သူ့ရဲ့ဆက်နွယ်မှုအပြင် စူပါဟီးရိုးတွေကို သူဘယ်လိုမြင်သလဲ၊ ဘယ်လိုအတွေးအခေါ်နဲ့ ဖန်တီးခဲ့သလဲဆိုတာတွေကိုလည်း ဖော်ပြထားပါတယ်။ စူပါဟီးရိုးရုပ်ပြတွေကို ကလေးတွေအတွက် အပျော်ဖတ်စာအဖြစ် ယူဆကြတဲ့အမြင်ကနေ လူကြီးလူငယ်မရွေး ဖတ်ရှုနိုင်တဲ့ ရုပ်ပြတွေဖြစ်လာအောင် Stan Lee ပါဝင်ကြိုးပမ်းခဲ့ပုံကို ပြောပြထားတယ်။ Timely Comics ကနေ Atlas Comics၊ အဲဒီကနေ Marvel ဖြစ်လာတဲ့ ခရီးလမ်းတစ်လျှောက် သူ့ရဲ့အလုပ်နဲ့ စူပါဟီးရိုးယဉ်ကျေးမှု ကျယ်ပြန့်လာပုံတို့ကိုလည်း တွေ့ရပါတယ်။ သူ့ဘဝအကြောင်းနဲ့ အယူအဆတွေကို Stan Lee ရဲ့ နောက်ခံအသံ၊ အန်နီမေးရှင်းတွေနဲ့ တွဲဖက်တင်ပြထားတာပါ။ Stan Lee ဟာ ၂၀၁၈ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဇာတ်ကားကြည့်ရန်