လူမျိုးရေးခွဲခြားမှုနဲ့ လူဖြူကြီးစိုးရေး အယူအဆတွေ အားကောင်းနေတဲ့ မစ္စစ္စပီပြည်နယ်ကို နောက်ခံထားတဲ့ ဖြစ်ရပ်မှန်အခြေပြု သမိုင်းဒရာမာပါ။ လူမည်းတွေဟာ ဖိနှိပ်မှုတွေကို ခံနေရပြီး အသတ်ခံရတဲ့အမှုတွေမှာတောင် ရဲတွေရဲ့ လျစ်လျူရှုမှုကို ကြုံရတယ်။ မဲပေးခွင့်နဲ့ တရားရေးရာမှာ ပါဝင်ခွင့်လို နိုင်ငံသားအခွင့်အရေးတွေအတွက် လှုပ်ရှားနေကြသူတွေထဲမှာ NAACP အဖွဲ့လည်း ပါဝင်ပါတယ်။ ဒီလိုလှုပ်ရှားသူတွေ လုပ်ကြံခံရတာတွေ ရှိနေသလို တရားခံတွေကိုလည်း ဖမ်းဆီးမရတဲ့ အခြေအနေပါ။ ၁၉၅၅ ခုနှစ်မှာ အန်မက်တေးလ်ဆိုတဲ့ ကောင်လေးတစ်ယောက်က ချီကာဂိုကနေ မစ္စစ္စပီပြည်နယ်၊ မန်းနီးမြို့မှာရှိတဲ့ ဆွေမျိုးတွေဆီ အလည်လာခဲ့ပါတယ်။ စတိုးဆိုင်တစ်ခုမှာ လူဖြူအမျိုးသမီးတစ်ယောက်ကို စကားပြောစနောက်မိပြီးနောက် အဲဒီညမှာပဲ လူတစ်စုက အိမ်ထဲဝင်လာပြီး သူ့ကို ဖမ်းခေါ်သွားကြတယ်။ မကြာခင် မြစ်တစ်ခုထဲမှာ သူ့အလောင်းကို ပြန်တွေ့ရပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်နှိပ်စက်ခံထားရသလို ခေါင်းကိုလည်း သေနတ်နဲ့ ပစ်ထားတာ တွေ့ရပါတယ်။ သားကို ဆုံးရှုံးလိုက်ရတဲ့ မေမီတေးလ်မော်လီဟာ ဝမ်းနည်းကြေကွဲနေရင်းကပဲ သားအတွက် တရားမျှတမှုရဖို့ ကြိုးစားလာတယ်။ သူ့ဆွေမျိုးတွေနဲ့ NAACP လို အဖွဲ့အစည်းတွေကလည်း ဝိုင်းကူပေးကြပါတယ်။ လူမျိုးရေးခွဲခြားမှုတွေ ပြည့်နေတဲ့ ဒီပြည်နယ်မှာ မေမီရဲ့ ကြိုးစားမှုက သားအတွက် တရားမျှတမှုကို ရှာပေးနိုင်ပါ့မလား။
ဇာတ်ကားကြည့်ရန်