Power (1986) IMDB 5.9/10 ဒီကားကတော့ နိုင်ငံရေးလောက နဲ့ မီဒီယာတွေရဲ့ ကြိုးကိုင်မှုတွေအကြောင်းကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း ပီတာ ဟာ အောင်မြင်ကျော်ကြားတဲ့ နိုင်ငံရေး နည်းဗျူဟာပညာရှင်တစ်ဦးဖြစ်ပြီး ငွေကြေးနဲ့ အာဏာအတွက်ဆိုရင် ဘယ်လိုလူမျိုးကိုမဆို ရွေးကောက်ပွဲမှာ အနိုင်ရအောင် ဖန်တီးပေးနိုင်စွမ်းရှိသူပါ။ ဒါ့အပြင် သူဟာ မီဒီယာတွေကို အသုံးချပြီး လူထုရဲ့ အမြင်တွေကို ပြောင်းလဲပစ်တဲ့နေရာမှာ ဆရာတစ်ဆူ ဖြစ်ပါသေးတယ် တစ်နေ့မှာတော့ ပီတာ ဟာ အိုဟိုင်းယိုးပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်နေရာအတွက် လျှို့ဝှက်ဆန်းကြယ်တဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ ကျောထောက်နောက်ခံပြုမှုကို ခံထားရတဲ့ ကိုယ်စားလှယ်လောင်းတစ်ဦးကို ကူညီပေးဖို့ လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ ဒီအလုပ်ကို လုပ်ကိုင်ရင်းနဲ့ သူ့ရဲ့ မိတ်ဆွေဟောင်းတွေ၊ ပြိုင်ဘက်တွေနဲ့ ထိတွေ့မိတဲ့အခါမှာတော့ နိုင်ငံရေးလောကရဲ့ နောက်ကွယ်က အကျင့်ပျက်ခြစားမှုတွေ၊ လူသတ်မှုတွေကို သိရှိလာပါတော့တယ်။ ပီတာ တစ်ယောက် သူအမြဲယုံကြည်ထားတဲ့ "အနိုင်ရဖို့ပဲ အဓိက" ဆိုတဲ့ မူဝါဒနဲ့ ကိုယ်ကျင့်တရားကြားမှာ ဘယ်လိုရွေးချယ်မလဲ၊ အာဏာရဲ့ အရိပ်အောက်မှာ ဘယ်လောက်ထိ နက်နက်ရှိင်းရှိင်း နစ်မွန်းသွားမလဲဆိုတာကို တော့ အတူစောင့်ကြည့်လိုက်ရအောင်ပါ
ဇာတ်ကားကြည့်ရန်