Amsterdam Empire (2025) အပိုင်း (၁ မှ ၇) စ/ဆုံး Amsterdam Empire ကတော့ နယ်သာလန်နိုင်ငံ အမ်စတာဒမ်မြို့က ဆေးခြောက်ကော်ဖီဆိုင်လုပ်ငန်းနဲ့ မူးယစ်ဆေးဝါး ဈေးကွက်အတွင်း ဖြစ်ပွားတဲ့ပဋိပက္ခတွေကို ရိုက်ကူးထားတဲ့ ရာဇဝတ်မှုဒရာမာဇာတ်လမ်းတွဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း Jack ဟာ The Jackal အမည်ရှိတဲ့ ကော်ဖီဆိုင်လုပ်ငန်းအုပ်စုကြီးရဲ့ ပိုင်ရှင်ဖြစ်ပါတယ်။ သူ့ရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ဇနီးဖြစ်သူ Betty နဲ့ အိမ်ထောင်ရေးပြိုကွဲရတဲ့အခါ ဒေါသထွက်နေတဲ့ Betty က Jack ရဲ့လုပ်ငန်းအုပ်စုကြီးကို သိမ်းပိုက်ဖို့ ကြံစည်လာပါတော့တယ်။ Betty ဟာ အရင်က လူကြိုက်များခဲ့တဲ့ ဂီတအနုပညာရှင်တစ်ဦးဖြစ်ခဲ့ပြီး Jack ရဲ့လုပ်ငန်းဆိုင်ရာ လျှို့ဝှက်ချက်တွေအများကြီးကို သိရှိထားသူဖြစ်တာကြောင့် အဲဒီအချက်အလက်တွေကို အသုံးချပြီး Jack ရဲ့လုပ်ငန်းအုပ်စုကြီးကို ဖျက်ဆီးဖို့ ကြိုးစားလာခဲ့ပါတယ်။ အိမ်ထောင်ရေး သစ္စာဖောက်မှု၊ မိသားစုအတွင်း သစ္စာဖောက်မှု၊ လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်မှုနဲ့ အချစ်ဇာတ်လမ်းတွေကို ရောနှောဖွဲ့စည်းထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ Famke Janssen ပါဝင်သရုပ်ဆောင်ထားတဲ့ ပထမဆုံးဒတ်ခ်ျဘာသာစကားနဲ့ ရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲဖြစ်ပြီး Undercover နဲ့ Ferry ဇာတ်လမ်းတွဲတွေကို ရိုက်ကူးခဲ့တဲ့ Nico Moolenaar၊ Bart Uytdenhouwen နဲ့ Piet Matthys တို့က ဖန်တီးပေးထားကြပါတယ်။ Amsterdam Empire ဟာ လူနေမှုဘဝအတွင်း ယုံကြည်မှု၊ သစ္စာရှိမှုနဲ့ လောဘကြား ဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေကို ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်းတွဲကောင်းတစ်ခုဖြစ်ပါတယ်။ Episodes: 07 Aired: Oct 30, 2025 Aired On: Thursday Original Network: Netflix Genres: Crime, Drama
ဇာတ်ကားကြည့်ရန်