ရုပ်ရှင်ရိုက်ကူးရေးအတွက် မြင်းတွေကို လေ့ကျင့်ပေးနေတဲ့ ခြံပိုင်ရှင်တစ်ယောက်ဟာ ကောင်းကင်ပေါ်က ပြုတ်ကျလာတဲ့ တိုလီမိုလီပစ္စည်းတွေ ထိမှန်ပြီး သေဆုံးသွားပါတယ်။ အဲဒီနောက် သူ့သား အိုဂျေက မြင်းခြံမပြုတ်အောင် မနည်းကျားကန်ပြီး ဆက်လုပ်နေရတယ်။ အိုဂျေရဲ့ညီမကတော့ ဒါရိုက်တာ၊ သရုပ်ဆောင်၊ အဆိုတော် ဖြစ်ချင်သူဖြစ်ပြီး မြင်းခြံအလုပ်ကို သိပ်စိတ်မဝင်စားလှပါဘူး။ တစ်နေ့မှာ အိုဂျေဟာ သူတို့ခြံဘက်မှာ ပန်းကန်ပြားပျံလို အရာကြီးတစ်ခုကို ဖျတ်ခနဲ မြင်လိုက်ရတယ်။ မောင်နှမနှစ်ယောက်က အဲဒီအရာကို သက်သေအဖြစ် ရိုက်ကူးနိုင်ရင် ချမ်းသာလာနိုင်မယ်လို့ တွေးပြီး ရိုက်ကူးဖို့ ကြံစည်ကြပါတယ်။ ဒါပေမယ့် သူတို့မျှော်လင့်ထားတာထက် ထူးဆန်းပြီး ကြောက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ကြုံလာရတယ်။ ကီးနဲ့ပီလီ ဟာသအတွဲထဲက ပီလီက ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ကူးထားတဲ့ သိပ္ပံစိတ်ကူးယဉ် ထိတ်လန့်သည်းဖိုရုပ်ရှင်ပါ။ Get Out မှာ သူနဲ့ လက်တွဲခဲ့တဲ့ မင်းသားကပဲ ဒီကားမှာလည်း အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်