★ 7.0
ဇာတ်ကား / 202183
၁၉၈၃ ခုနှစ်ဝန်းကျင်ကို နောက်ခံထားတဲ့ ဒီဘောလီးဝုဒ် ကရစ်ကတ်အားကစားဇာတ်ကားဟာ ဖြစ်ရပ်မှန်ကို အခြေခံထားပါတယ်။ လွတ်လပ်ရေးရပြီးနောက်မှာလည်း ဗြိတိသျှတွေရဲ့ မထီမဲ့မြင်ပြုမှုတွေကို ခံနေရဆဲဖြစ်တဲ့ အိန္ဒိယနိုင်ငံနဲ့ အားကစားလောကမှာ အထင်သေးလှောင်ပြောင်ခံနေရတဲ့ အသင်းရဲ့အခြေအနေကို ဖော်ပြထားပါတယ်။ ဒီလိုအခြေအနေမှာ ကရစ်ကတ်ကစားသမား ကတ်ပေးလ်ဒက်ဗ်က အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ် ဦးဆောင်ပြီး အင်္ဂလန်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတယ်။ ဇာတ်လမ်းက သူတို့အသင်း ပြိုင်ပွဲသွားရောက်ရင်း ကြုံရတဲ့ အခက်အခဲတွေနဲ့ အဲဒါတွေကို ကျော်ဖြတ်ဖို့ ကြိုးစားကြပုံကို လိုက်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်