IMDB Rating 6.8 ရရှိထားတဲ့ Colette ဆိုတဲ့ ၂၀၁၈ ထွက်ရုပ်ရှင်ကားလေးကတော့ ပြင်သစ် mime အနုပညာရှင်၊ ပြဇာတ်မင်းသမီး၊ ဂျာနယ်လစ်၊ နိုဘယ်ဆု ဆန်ကာတင်စာရင်းဝင် စာရေးဆရာမ Sidonie-Gabrielle Colette ရဲ့ အစောပိုင်းဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ အဓိက ဇာတ်ဆောင်အနေနဲ့တော့ အထူးတလည်မိတ်ဆက်ပေးစရာမလိုတဲ့ Keira Knightley က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားမှာ ကျေးတောသူလေးတစ်ယောက် မြို့ကြီးပြကြီးမှာ မဝင်ဆန့်နိုင်တဲ့ ဒုက္ခတွေ၊ အနုပညာကိုအမြတ်ထုတ်ခံရတဲ့ အနုပညာသမားတွေ၊ အဲဒီနှစ်တွေက မိန်းမတစ်ယောက်ရဲ့ နိမ့်ကျမှုတွေ ကြားက Sidonie-Gabrielle Colette ရဲ့ ဘဝကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး တိုက်ခိုက်ခဲ့တဲ့ လွတ်လပ်တဲ့စိတ်ထားရှိတဲ့ ပုံစံကိုမြင်တွေ့ရမှာပါ။ လိင်တူချင်း ချစ်ကြိုက်တာကို ရှုံချတဲ့ ခေတ်ကြီးထဲက လိင်တူချစ်သူတွေအတွက် တိုက်ခိုက်ခဲ့သူတစ်ဦးအနေနဲ့လည်း Colette သတ်မှတ်လို့ရပါတယ်။ R Rated ဇာတ်ကားဖြစ်တဲ့အတွက် မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါဘူး။ ဒီဇာတ်ကားနဲ့တော့မဆိုင်ပေမယ့် ဒီဇာတ်ကားထဲမှာပါတဲ့ ကျွန်တော်အကြိုက်ဆုံး Movie Quote လေးကတော့ "သမိုင်းဆိုတာ အဲဒီသမိုင်းကိုရေးတဲ့ ကလောင်ကိုင်သူလက်ထဲမှာပဲရှိတယ်" ဆိုတာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (900 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 51min Format : Mp4 Genre : Biography, Drama, History Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by d3mon Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်