2015 မှာ ထွက်ရှိထားတဲ့ Chappie ဆိုတဲ့ စက်ရုပ်ဇာတ်လမ်းကောင်းလေးတစ်ကားကို တင်ပေးလိုက်ပါတယ်… လူသားဆန်တဲ့စက်ရုပ်တစ်ရုပ်အကြောင်းကိုရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်… Movie Review ကို ဖတ်ကြည့်ပါဦး.. ဂျိုဟန်းနက်စ်ဘာ့ဂ်မှာ မှုခင်းတွေဆိုးဆိုးရွားရွားဖြစ်ပွားတာကို လျှော့ချဖို့ ကြိုးပမ်းနေတဲ့ တောင်အာဖရိက အစိုးရဟာ ရဲတွေနေရာမှာ စက်ရုပ်ရဲတွေကိုအစားထိုး တာဝန်ထမ်းဆောင်စေခဲ့ပါတယ်။ စက်ရုပ်တီထွင်တဲ့ ဒီဇိုင်နာဒီယွန်ဝီလ်ဆင်ဟာ လူသားတွေလိုပဲ အသိဉာဏ်ရှိပြီး ခံစားမှုပါရှိတဲ့စက်ရုပ်တစ်ရုပ်ကို တီထွင်လိုပေမယ့် အထက်လူကြီးတွေရဲ့ ခွင့်ပြုချက်မရခဲ့ပါဘူး။ ဒါပေမဲ့လည်း ဒီယွန်ဟာ သုံးလို့မရတော့လို့ ဖျက်ဆီးပစ်တော့မယ့် စက်ရုပ်တစ်ရုပ်ကို သူ့အိမ်မှာ တီထွင်ဖို့ယူသွားတုန်းလမ်းမှာ လူဆိုးတစ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ လူဆိုးအဖွဲ့ထဲက နင်ဂျာ၊ ရိုလန်ဒီနဲ့ ရန်ကီတို့ဟာ သူတို့ ဓားပြတိုက်ရာမှာသုံးဖို့အ တွက် စက်ရုပ်ကိုပြင်ပေးဖို့ ဒီယွန်ကို အတင်းအကျပ်စေခိုင်းပါ တော့တယ်။ ဒီလိုနဲ့ ဒီယွန်က စက်ရုပ်ထဲဆော့ဖ်ဝဲသစ်ထည့်လိုက်တဲ့ အခါမှာတော့ စက်ရုပ်ဟာကလေး တစ်ယောက်လိုပြုမူခဲ့ပါတယ်။ အဲဒီနောက်စကားလည်း စပြောခဲ့ပြီး သူ့ကို ချက်ပီလို့နာမည်ပေးခဲ့ကြပါတယ်။ ချက်ပီကို တီထွင်တဲ့ဒီယွန်ကို နင်ဂျာက နှင်ထုတ်ခဲ့ပါတယ်။ ရိုလန်ဒီက ချက်ပီရဲ့အမေဖြစ်ရတာကို သဘောကျပေမယ့် နင်ဂျာကတော့ သူတို့ဓားပြမှုမှာ မြန်မြန်ထည့်သုံးချင်နေတာမို့ ချက်ပီက ကလေးလိုပဲပြုမူနေသေးတာကို စိတ်မရှည်ပါဘူး။ တစ်ရက်မှာတော့ နင်ဂျာဟာ ချက်ပီကို အန္တ ရာယ်ရှိတဲ့ နေရာတစ်ခုမှာ စွန့်ပစ်ခဲ့တာကြောင့်ဒီယွန်ကိုနောက် ယောင်ခံလိုက်နေတဲ့ သြစတြေးလျ ဒီဇိုင်နာဗင်းဆင့်ကဖမ်းခေါ်သွားပြီး အန္တရာယ်ပြုမှာစိုးလို့ လက်တွေကို ဖြုတ်ပစ်ခဲ့ပါတယ်။ အဲဒီနောက် ချက်ပီကိုယ်ထဲက ဘက်ထရီအလုပ်ပြန်လုပ်ပြီး အသိဉာဏ်လည်းပြန်ဝင်သွားတာကြောင့် ချက်ပီနင်ဂျာတို့ဆီ ပြန်ထွက်ပြေးခဲ့ပါတယ်။ ချက်ပီကို လက်ပြန်တပ်ပေးခဲ့ပြီး အတိုက်အခိုက်တွေ၊ လက်နက်ကိုင်နည်းတွေကိုပါသင်ပေးခဲ့ကြပြီး သူတို့နဲ့ အတူတူမှုခင်းတွေမှာ ပါဝင်စေခဲ့ပါတော့တယ်။ ဒီဇိုင်နာဗင်းဆင့်ဟာ စက်ရုပ်ရဲတွေ အကုန်လုံးကို ဆော့ဖ်ဝဲသစ်ထည့်ခဲ့ပြီး ဂျိုဟန်းနက်စ်ဘာ့ဂ်တစ်မြို့လုံးကို ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒီယွန်ဟာ ချက်ပီ ကို စက်ရုပ်ထုတ်တဲ့စက်ရုံကို သယ်လာပြီး ဗင်းဆင့်လုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို ရပ်တန့်အောင် ကြိုးပမ်းခဲ့ပါတယ်။ အဲဒီအခါမှာ ဗင်းဆင့်တစ်ယောက်ဘယ်လိုတွေ ဆက်ဒုက္ခပေးဦးမှာလဲ။ ချက်ပီကကော သူနဲ့ ပတ်သက်သူတွေကို ကယ်ဆယ်နိုင်ပါ့မလားဆိုတာကို တော့ ကိုယ်တိုင် ကြည့်ရှုခံစားလိုက်ပါဦးနော်။ ဒီဇာတ်ကားမှာ ချက်ပီနေရာ ကနေ အသံနဲ့လှုပ်ရှားမှု သရုပ် ဆောင်ပေးသူက ရှာလ်တိုကိုပ လေး၊ ဒီယွန်အဖြစ် ဒက်ဗ်ပက် တယ်၊ ဗင်းဆင့်အဖြစ် ဟုချ်ဂျက်ခ်မန်းတို့က သရုပ်ဆောင်ထားပါ တယ်။ (7daydaily မှ အညွှန်းကိုဖေါ်ပြပါသည် ) File Size : (1 GB) Quality : BluRay 720p Running Time : 2hr Format : Mp4 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tar Tee Poe Encoded by May Pyae Sone Oo
ဇာတ်ကားကြည့်ရန်