Rosemead (2025) IMDb Rating (7.0) / Rotten Tomatoes (89%) ဒီကားကတော့ ၂၀၁၇ တုန်းက LA Times မှာပါခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားပါ။ အမေရိကန်ရောက် အာရှမိသားစုတွေကြားက အဖြစ်ဆိုးတစ်ခုကို ပုံဖော်ထားတာမို့ ကြည့်ရတာ နည်းနည်းတော့ စိတ်လေးလံရမယ့် Drama/Thriller အမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း LA မြို့နားက Rosemead ဆိုတဲ့ မြို့လေးမှာ နေထိုင်တဲ့ မိခင်တစ်ယောက်အကြောင်းပါ။ နာမည်က Irene (Lucy Liu) ပေါ့။ သူက ကင်ဆာနောက်ဆုံးအဆင့် ခံစားနေရသူပါ။ ဒါပေမဲ့ ဒီအကြောင်းကို သူ့သား Joe (Lawrence Shou) ကို အသိမပေးဘဲ လျှို့ဝှက်ထားတယ်။ ပြဿနာက သူ့သား Joe ကလည်း Schizophrenia လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါ ခံစားနေရတာပါ။ ကံဆိုးချင်တော့ Joe ဟာ သာမန် ဆယ်ကျော်သက်တွေလို မဟုတ်ဘဲ ကျောင်းပစ်ခတ်မှု (School Shootings) သတင်းတွေကို အစွဲအလမ်းကြီးပြီး စိတ်ဝင်စားလာတယ်။ ဒီအခြေအနေမှာ မိခင်ဖြစ်သူ Irene အတွက် အကြီးမားဆုံး အကျပ်အတည်း ရောက်လာပါတော့တယ်။ တစ်ဖက်မှာ ကိုယ်တိုင်က သေရတော့မယ်၊ တစ်ဖက်မှာကလည်း ကိုယ်မရှိတော့ရင် ရောဂါသည်သားက လူတွေကို အန္တရာယ်ပေးမယ့် "လူသတ်ကောင်" ဖြစ်လာမလားဆိုပြီး စိုးရိမ်လာရတယ်။ သားဖြစ်သူ အသက် ၁၈ နှစ်ပြည့်ဖို့ကလည်း နီးလာတော့ အစိုးရစောင့်ရှောက်မှုစနစ်ကလည်း ပြောင်းရတော့မဲ့အချိန်ဖြစ်လာပါတယ်။ ဒီတော့ မိခင်တစ်ယောက်အနေနဲ့ ကိုယ်မသေခင် သားဖြစ်သူကို ဘယ်လို စီစဉ်သွားမလဲ၊ သားကို ချစ်တဲ့စိတ်နဲ့ အများအန္တရာယ်ကို ကာကွယ်ချင်တဲ့စိတ် ကြားထဲမှာ ဘယ်လို ဆုံးဖြတ်ချက်ချမလဲဆိုတာကို ရင်နင့်စရာ ကြည့်ရှုရမှာပါ။ Lucy Liu ရဲ့ သရုပ်ဆောင်ချက်တွေက တော်တော်လေး ကောင်းမွန်ပြီး မိခင်မေတ္တာနဲ့ ဗျာများမှုကြားက သောကကို ပီပီပြင်ပြင် မြင်ရပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါး ကြည့်ရမယ့်ကားမျိုး မဟုတ်ဘဲ မိသားစု၊ စိတ်ကျန်းမာရေးနဲ့ လူမှုပတ်ဝန်းကျင်က ဖိအားတွေကို ထင်ဟပ်ပြထားတဲ့ ကားကောင်းတစ်ကားလို့ ညွှန်းဆိုပါရစေ။ File size… (1 GB) / (620 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:37:18 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်