National Lampoons: Loaded Weapon 1 Parody Film အမျိုးအစားတွေက များသောအားဖြင့် ရုပ်ရှင် Genre တစ်ခုကို ဦးတည်ပြီးတော့ ဖန်တရာတေနေတဲ့ ဇာတ်ကြောင်းတွေ၊ အဓိပ္ပါယ်မရှိတဲ့ ဇာတ်ဝင်ခန်းတွေကို တစ်တစ်ခွခွ သရော်ထားတဲ့ ဇာတ်ကားမျိုးတွေ ဖြစ်ပါတယ်။ သာမန်ဇာတ်ကားတစ်ကားလို့ ထင်ပြီး ကြည့်တဲ့ပရိသတ်အတွက်တော့ ဒါက အဓိပ္ပါယ်မရှိဘဲ ရောက်တတ်ရာရာစိတ်ကူးတွေကို ပုံဖော်ထားတဲ့ ကလေးဆန်တဲ့ဟာသဇာတ်လမ်းလို့ မြင်နိုင်ပေမယ့် သရော်ခံထားရတဲ့ ဇာတ်ကားတွေကို ကြည့်ဖူးသူတွေအတွက်တော့ ဟာသမြောက်နေပြန်ပါတယ်။ မူရင်းဇာတ်ကားကို သရော်ထားတဲ့ဇာတ်လမ်းဖြစ်ပေမယ့် သရုပ်ဆောင်ရွေးချယ်မှုတွေနဲ့ ထုတ်လုပ်ရေးမှာ လျှော့ချထားတာမျိုးမရှိဘဲ ဒီဇာတ်ကားမှာ Emilio Estevez, Samuel L. Jackson, Jon Lovits, Tim Curry စတဲ့သရုပ်ဆောင်တွေအပြင် ထိပ်တန်း Cameo အများအပြားကိုလည်း ထည့်သွင်းထားပါတယ်။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲစုံထောက်မဲပြာပုဆိုးဇာတ်ကားတွေအတိုင်းပဲ. သူ့ရဲ့ပါတနာဟောင်းကို ဆုံးရှုံးလိုက်ရတဲ့ ဝါရင့်စုံထောက်နဲ့ gung-ho ပါတနာအသစ်တို့ လူသတ်မှုတစ်ခုကို အတူစုံစမ်းရင်း အလွဲလွဲအချော်ချော် ဖြေရှင်းရပုံတွေကို တင်ဆက်ထားပါတယ်။ သမရိုးကျဘောင်တွေကို ကျော်လွန်ပြီးတော့ ကျပန်းဆန်တဲ့ ဒိုင်ယာလော့ဒ်တွေ၊ ဇာတ်ကွက်တွေနဲ့ ပရိသတ်အမြင်ကို ဆန်းသစ်စေတဲ့ National Lampoons: Loaded Weapon 1 ဟာ Pop-culture ရဲ့ တစ်ထောင့်တစ်နေရာက အမှတ်ရဖွယ် ဇာတ်ကားတစ်ကားအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်ပါတယ်။ File size… 1.91 GB / 816 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Action / Comedy Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်