★ 7.3
ဇာတ်ကား / 2022Father Stu
Stuart Long က ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရရင်း ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာခဲ့တဲ့ လက်ဝှေ့သမားတစ်ယောက်ပါ။ ထိုးဖို့ကြိတ်ဖို့ကိုပဲ စိတ်ဝင်စားခဲ့ပေမယ့် ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့လောကကနေ ထွက်လိုက်ရတယ်။ အဲဒီနောက် သရုပ်ဆောင်လုပ်ဖို့ ရည်ရွယ်ပြီး LA ကို ထွက်လာခဲ့ပါတယ်။ LA မှာ စူပါမားကတ်တစ်ခု၌ အလုပ်လုပ်ရင်း သရုပ်ဆောင်ဖြစ်ဖို့ ကြိုးစားရုန်းကန်နေတယ်။ တစ်နေ့တော့ ဆိုင်ကို ဈေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းကို ရောက်သွားခဲ့ပါတယ်။ အဲဒီကနေ တခြားသူတွေ ပျက်စီးရာလမ်းက လွတ်မြောက်ဖို့ ကူညီပေးတဲ့ ခရစ်ယာန်ဘုန်းတော်ကြီးဘဝဆီ သူဘယ်လို ရောက်သွားသလဲဆိုတာကို ဖြစ်ရပ်မှန်အခြေခံပြီး ရိုက်ကူးထားတာပါ။ Stuart Long အဖြစ် Mark Wahlberg က သရုပ်ဆောင်ထားပြီး သူ့ဖခင်နေရာမှာ Mel Gibson ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်