မာရီယိုနဲ့ လူဝီးဂျီတို့ဟာ ဘရွတ်ကလင်းမှာ လူတွေ အထင်သေးတာကို ခံနေရတဲ့ ရေပိုက်ပြင်သမား ညီအစ်ကိုနှစ်ယောက်ပါ။ တစ်နေ့မှာ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို ရောက်သွားကြပါတယ်။ အဲဒီမှော်လောကမှာတော့ လူဆိုးဘုရင် ဘောင်ဆာက စူပါကြယ်ကြီးကို ပိုင်ဆိုင်ထားပြီး တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်နေတယ်။ ဘောင်ဆာဟာ မှိုတိုင်းပြည်က မင်းသမီးလေး မက်မွန်သီးကို ချစ်နေတဲ့အတွက် သူနဲ့အတူ ကမ္ဘာကို သိမ်းပိုက်ဖို့ လက်ထပ်ခွင့် လာတောင်းပါတယ်။ မင်းသမီးက လက်မခံရင်တော့ မှိုတိုင်းပြည်ကို ဖျက်ဆီးပစ်မှာပါ။ ဒါကိုသိတဲ့ မင်းသမီးဟာ မာရီယိုနဲ့ ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ဆီ စစ်ကူတောင်းဖို့ သွားကြပါတယ်။ စူပါမာရီယိုဂိမ်းကို ကာတွန်းရုပ်ရှင်အဖြစ် ဖန်တီးထားတာဖြစ်ပြီး ဂိမ်းတွေထဲက ဇာတ်ကောင်တွေ၊ လက်နက်တွေ၊ တီးလုံးတွေနဲ့ နေရာတွေကို ပြန်လည်အသုံးပြုထားပါတယ်။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေးနဲ့ ဘောင်ဆာအဖြစ် ဂျက်ဘလက်တို့ အသံသရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်