တစ်ချိန်က သိပ်ချစ်ခဲ့ကြတဲ့ လင်မယားနှစ်ယောက်ဟာ အချိန်ကြာလာတော့ တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့ပြီး အပြစ်မြင်လာကြပါတယ်။ ဇနီးက ခင်ပွန်းကို ပျင်းစရာကောင်းသူလို့ မြင်နေသလို ခင်ပွန်းကလည်း ဇနီးဟာ သူ့ကို အလေးမထားတော့ဘူး၊ မချစ်တော့ဘူးလို့ ခံစားနေရတယ်။ လွတ်လွတ်လပ်လပ်နေတတ်တဲ့ ဇနီးက အိမ်ထောင်မရှိသလို နေထိုင်လာတဲ့အခါ ချစ်နေသေးတဲ့ ခင်ပွန်းမှာ သဝန်တိုစိတ်တွေ ဝင်လာပါတယ်။ ဒီအိမ်ထောင်ရေးက ဇနီးနဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက် ပျောက်ဆုံးသွားရာက ပိုရှုပ်ထွေးလာတယ်။ ခင်ပွန်းဖြစ်သူက အဲဒီလူကို သူသတ်လိုက်သလိုလို အပေါင်းအသင်းတွေနဲ့ ဇနီးရဲ့မိတ်ဆွေသစ်တွေကြားမှာ ဂုဏ်ယူပြီး လျှောက်ပြောနေတော့ လူတွေက သူ့ကို သံသယဝင်လာကြပါတယ်။ တစ်နေ့ သူတို့အိမ်မှာ ပါတီလုပ်နေချိန် ဇနီးရဲ့မိတ်ဆွေသစ်တစ်ယောက် ရေကူးကန်ထဲမှာ သေဆုံးသွားပြန်တယ်။ Ben Affleck နဲ့ Ana de Armas တို့ အဓိကပါဝင်ထားတဲ့ ဒီသည်းထိတ်ရင်ဖိုဇာတ်ကားမှာ လိင်ပိုင်းဆိုင်ရာနဲ့ ကြမ်းတမ်းတဲ့ ဇာတ်ကွက်တွေ ပါဝင်ပါတယ်။
ဇာတ်ကားကြည့်ရန်