★ 6.3
ဇာတ်ကား / 20196 Underground
တာကစ္စတန်ကို အုပ်ချုပ်နေသူ သေဆုံးသွားတဲ့နောက် သူ့သားနှစ်ယောက်ထဲက အစ်ကိုဖြစ်သူဟာ ညီကိုဖမ်းထားပြီး နိုင်ငံကို သိမ်းယူလိုက်ပါတယ်။ နိုင်ငံတွင်း ဆူပူမှုတွေနဲ့ ဓာတ်ငွေ့သုံးတိုက်ခိုက်မှုတွေကိုပါ လုပ်နေတဲ့ သူ့ကြောင့် လူတွေ ဒုက္ခရောက်နေကြတယ်။ ဒီအဖြစ်တွေကို မြင်တဲ့အခါ Ryan Reynolds သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်က ကူညီကယ်တင်ချင်လာပြီး လူတွေစုကာ ဖမ်းခံထားရတဲ့ ညီဖြစ်သူကို ကယ်ထုတ်ဖို့ စီစဉ်ပါတော့တယ်။ သူဖွဲ့ထားတဲ့အဖွဲ့မှာ စည်းမျဉ်းတစ်ခု ရှိပါတယ်။ အဖွဲ့ဝင်တွေဟာ တစ်ယောက်ဘယ်သူဆိုတာ တစ်ယောက်မသိရဘူး။ နာမည်ကိုတောင် အချင်းချင်း မသိကြတဲ့သူတွေ ပူးပေါင်းပြီး ဒီကယ်ဆယ်ရေးကို လုပ်ကြရမှာပါ။ Transformers ဇာတ်ကားတွေရဲ့ ဒါရိုက်တာ Michael Bay ရိုက်ကူးထားပြီး အက်ရှင်ခန်းတွေနဲ့အတူ ဟာသလေးတွေလည်း ရောပါနေပါတယ်။
ဇာတ်ကားကြည့်ရန်