အမေရိကန်ပြည်ထောင်စုမှာ ငွေကြေးဖောင်းပွမှုတွေကြောင့် သာမန်လူတန်းစားတွေဟာ အကျပ်အတည်းတွေ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့်တော့ အိမ်ခြံမြေပိုင်းမှာပေါ့။ လူလတ်တန်းစားတွေဟာ အဆမတန် ထိုးတက်လာတဲ့ အိမ်အငှားစရိတ်တွေကြောင့် နှင်ထုတ်ခံရသူက နှင်ထုတ်ခံရ၊ လမ်းပေါ်ရောက်တဲ့သူကရောက် ဖြစ်နေတဲ့ အချိန်ကာလတစ်ခုပေါ့။ ဒီပြဿနာကို ကြုံတွေ့ဖို့ လက်တစ်ကမ်းအလိုမှာ ရှိနေတာကတော့ လင်နက်တို့ မိသားစုပါ။ ဒါပေမဲ့ လင်နက်ဟာ သူ့မိသားစု ခြေသလုံးအိမ်တိုင် ဘဝမရောက်ဖို့အတွက် အိမ်ပိုင်ရှင်ကို အကူအညီတောင်း စောင့်ဆိုင်းခိုင်းပြီး ချေးငွေနဲ့ အိမ်ကို ဝယ်ဖို့ လုပ်ပါတယ်။ ပြဿနာက စာချုပ်အပြီးချုပ်ရမဲ့ နေ့မှာ လင်နက်ရဲအမေဖြစ်သူဟာ အိမ်ဝယ်မဲ့ငွေတွေနဲ့ ကားတစ်စီးကို မပြောမဆို ဝယ်ချလိုက်ပါတယ်။ ဒီလိုမဲ့ လင်နက်ဟာ အိမ်စာချုပ်မချုပ်နိုင်တော့ဘဲ အိမ်ရှင်က ပေးတဲ့ နာရီပိုင်းရှိတဲ့ အချိန်တိုအတွင်းမှာ အိမ်ဝယ်ဖို့ အသည်းအသန် ငွေတွေ ပြန်ရဖို့ ကြိုးစားရင်း အမှားတွေ လုပ်မိပါတော့တယ်။ File Size… (949 MB) / (651 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 48m Genre ….Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub)c
ဇာတ်ကားကြည့်ရန်