မိုက်ကယ်ဟာ ဘွဲ့ရပြီးပေမယ့် ဘာဆက်လုပ်ရမလဲ မသိဘဲ လမ်းပျောက်နေတဲ့ လူငယ်တစ်ယောက်ပါ။ တစ်ချိန်က ဓာတ်ပုံပညာကို အရမ်းဝါသနာပါခဲ့ပေမယ့် ငါးနှစ်တွဲလာတဲ့ ချစ်သူ အေမီက ထားသွားပြီးနောက်မှာ ပျက်နေတဲ့ကင်မရာကိုတောင် မပြင်ဖြစ်တော့ဘူး။ တက္ကသိုလ်ကြိုပို့ကား မောင်းရင်းနဲ့ပဲ နေ့ရက်တွေကို ငြီးငွေ့စွာ ဖြတ်သန်းနေပါတယ်။ ကြင်နာတတ်ပေမယ့် နည်းနည်းကြောက်တတ်တဲ့ သူ့ကို အနိုင်ကျင့်စော်ကားကြသူတွေလည်း ရှိနေတယ်။ တစ်နေ့မှာ ကျောင်းသားတစ်ယောက်ရဲ့ ထိုးကြိတ်တာကို ခံလိုက်ရတဲ့အတွက် ကားကုမ္ပဏီက သူ့လုံခြုံရေးအတွက် လူတစ်ယောက် ခန့်ပေးလိုက်ပါတယ်။ တစ်ကိုယ်လုံး ဆေးမင်ကြောင်တွေနဲ့ ပြည့်နေတဲ့ အဲဒီလူရဲ့နာမည်က နာနတ်သီးတဲ့။ နှစ်ယောက်သား ခင်မင်လာကြပြီး နာနတ်သီးက မိုက်ကယ်ကို အရင်က မလုပ်ရဲခဲ့တဲ့အရာတွေ လုပ်ကြည့်ဖို့ တွန်းအားပေးလာပါတယ်။ ၂၀၂၀ ခုနှစ်ထွက် ဒရာမာ၊ ဟာသဇာတ်ကားဖြစ်ပြီး နာနတ်သီးအဖြစ် ပါဝင်သူရဲ့ အပြင်နာမည်ကလည်း နာနတ်သီးပဲလို့ မူရင်းမှာ ဖော်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်