ဘန်ဘိတ်ကာရဲ့အဖေ ဆုံးသွားတဲ့အခါ သူငယ်ချင်းဖြစ်သူ စတိဗ်ဒဲလပ်စ်က ဘန်ကို မိဘအိမ်ရှိရာ ကျေးလက်ဆီ လိုက်ပို့ပေးပါတယ်။ စတိဗ်က မိန်းမပွေတတ်သူဖြစ်ပြီး ဘန်ကတော့ တခြားသူတွေ နားမလည်နိုင်တဲ့ စကားတွေ ပြောတတ်တဲ့ အူကြောင်ကြောင်လူတစ်ယောက်ပါ။ စတိဗ်အဖြစ် Owen Wilson နဲ့ ဘန်အဖြစ် Zach Galifianakis တို့ ပါဝင်ထားပါတယ်။ အသုဘကို ရောက်လာတဲ့ ဘန်ဟာ အဖေ့နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေး၊ အစ်မဖြစ်သူ တယ်ရီတို့နဲ့အတူ သေတမ်းစာဖတ်ကြားတာကို နားထောင်ရပါတယ်။ အဲဒီမှာ မထင်မှတ်ဘဲ ဧကများစွာကျယ်တဲ့ လယ်ယာမြေနဲ့ မြို့ပေါ်က ကုန်စုံဆိုင်ကို အမွေရလိုက်တယ်။ ဘန်ကလည်း ဒါဟာ သူ့ဘဝအတွက် ရည်ရွယ်ချက်အသစ်ရှာဖို့ အချိန်ပဲလို့ ယူဆပြီး လယ်ယာနဲ့ဆိုင်ကို ပြောင်းလဲဖို့ ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ရည်ကိုင်ရည်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိလာတဲ့အတွက် အမွေပိုင်ဆိုင်ခွင့်ကို အစ်မနဲ့ ယှဉ်ပြိုင်တောင်းဆိုရပါတယ်။ တစ်ဖက်မှာလည်း လူအများ လိုက်မမီတဲ့ သူ့အကြံတွေကို နားလည်လက်ခံလာအောင် စည်းရုံးရသေးတယ်။ ဒီအခက်အခဲတွေနဲ့ ရှုပ်ထွေးမှုတွေကြားမှာ ဘန်နဲ့ စတိဗ်တို့ရဲ့ သူငယ်ချင်းသံယောဇဉ်ကိုလည်း တွဲဖော်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်