ငယ်ငယ်ကတည်းက ခင်မင်လာတဲ့ သူငယ်ချင်းငါးယောက်ဟာ ကြီးလာလို့ အလုပ်အကိုင်တွေ မတူကြတော့ပေမယ့် အဆက်အသွယ်မပြတ် ရှိနေကြပါတယ်။ တစ်နေ့ ဂျေးက အလုပ်ကနေ အိမ်ပြန်လာရင်း မတရားမှုတစ်ခုကို မတော်တဆ မြင်တွေ့လိုက်ရတယ်။ ရဲဆီ အမြန်သွားအကြောင်းကြားပေမယ့် ရဲတွေကိုယ်တိုင်က ကျူးလွန်သူတွေနဲ့ အလိုတူအလိုပါ ဖြစ်နေတဲ့အတွက် သူပဲ ချောင်ပိတ်မိသွားပါတယ်။ အဲဒီနေ့ကစပြီး ဂျေး ပျောက်ဆုံးသွားတော့ ကျန်တဲ့သူငယ်ချင်းလေးယောက်က သူ့ကို လိုက်ရှာကြတယ်။ သူတို့မှာ အစရှာစရာဆိုလို့ ဂျေးနောက်ဆုံးပို့ခဲ့တဲ့ မပီမသအသံဖိုင်တစ်ခုသာ ရှိပါတယ်။ အဲဒီအသံဖိုင်ကို အခြေခံပြီး ရှာဖွေရင်း ဂျေးကို ပြန်တွေ့နိုင်မလား၊ အာဏာရှိသူတွေနဲ့ ပတ်သက်နေတဲ့ မတရားမှုကိုရော အဖြေရှာနိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါ။ Varalaxmi Sarathkumar၊ Santhosh Prathap၊ Mahat Raghavendra နဲ့ Subramaniam Siva တို့ ပါဝင်ထားတဲ့ တမီးလ်ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့အတူ သူငယ်ချင်းဆက်ဆံရေးထဲက မေတ္တာ၊ သံယောဇဉ်နဲ့ ပေးဆပ်မှုတွေအကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်