ကားလ်က အရည်အချင်းရှိပေမယ့် ခေါင်းမာပြီး တစ်ဇွတ်ထိုးလုပ်တတ်တဲ့ စုံထောက်တစ်ယောက်ပါ။ လူတွေနဲ့လည်း အဆင်ပြေပြေ မပေါင်းသင်းတတ်ဘူး။ တစ်ရက်မှာတော့ သူ့ရဲ့ခေါင်းမာမှုကြောင့် တွဲဖက်တွေထဲက သေဆုံးသူနဲ့ မသန်စွမ်းဖြစ်သွားသူတွေ ရှိလာပြီး သူကိုယ်တိုင်လည်း Q ဌာနဆိုတဲ့ ဌာနအသစ်ဆီ ရာထူးချပြောင်းရွှေ့ခံလိုက်ရပါတယ်။ ဝန်ကြီးဌာနက အသစ်ဖွဲ့ထားတဲ့ Q ဌာနရဲ့အလုပ်က လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က ပိတ်သိမ်းထားတဲ့ အမှုတွေကို ပြန်စစ်ပြီး စာရင်းသွင်းဖို့ပါ။ အဲဒီမှာ ဝန်ထမ်းဆိုလို့ အရာရာကို အကောင်းမြင်တတ်တဲ့ အာဆတ်တစ်ယောက်ပဲ ရှိတယ်။ စိတ်တိုတတ်တဲ့ ကားလ်နဲ့ ပျော်ပျော်နေတတ်တဲ့ အာဆတ်တို့ အမှုဟောင်းတွေကို စစ်ကြရင်း လွန်ခဲ့တဲ့ ငါးနှစ်က အမှုတစ်ခုကို သတိထားမိသွားကြပါတယ်။ ကျန်းမာရေးနယ်ပယ်မှာ လုပ်ကိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖယ်ရီသင်္ဘောပေါ်က ခုန်ချသေဆုံးခဲ့တယ်ဆိုတဲ့ အမှုပါ။ သူက စိတ်ကျန်းမာရေးမကောင်းတဲ့ မောင်ဖြစ်သူကို ပြုစုစောင့်ရှောက်နေသူဖြစ်ပြီး အမှုကိုတော့ ကိုယ့်ကိုယ်ကိုယ် သတ်သေမှုအဖြစ် ပိတ်ထားခဲ့တယ်။ ကားလ်နဲ့ အာဆတ်က မသင်္ကာတာကြောင့် အမှုပြန်ဖွင့်ပြီး လိုက်စုံစမ်းကြတဲ့အခါ နောက်ကွယ်မှာ ရှုပ်ထွေးနေတဲ့ အဖြစ်အပျက်တွေ ရှိနေကြောင်း တွေ့လာရပါတယ်။ ဒီဒိန်းမတ်စုံထောက်ဇာတ်ကားမှာ အမှုစုံစမ်းပုံနဲ့အတူ စိတ်တိုနေတတ်တဲ့ ကားလ်၊ သူ့ဘေးက လူပျော်အာဆတ်တို့ရဲ့ မတူညီတဲ့စရိုက်တွေကိုလည်း တွဲမြင်ရပါတယ်။ ကားလ်အဖြစ် ပါဝင်တဲ့မင်းသားက Tom Hanks ပါဝင်သရုပ်ဆောင်ထားတဲ့ Angels & Demons မှာလည်း ပါဝင်ခဲ့သူပါ။ ဒီကားနောက်မှာ သူတို့နှစ်ယောက်ရဲ့ အမှုတွေအကြောင်း နောက်ထပ်သုံးကား ဆက်ထွက်ထားပါတယ်။
ဇာတ်ကားကြည့်ရန်