Little Women (2019) IMDb Rating (7.8) / Rotten Tomatoes (95%) Saoirse Ronan, Emma Watson, Florence Pugh, Eliza Scanlen, Laura Dern, Timothee Chalamet, Meryl Streep နဲ့အခြား ဆရာ့ဆရာကြီးတွေပါဝင်ထားပြီး cast တွေနဲ့တင် ဖျားလောက်စရာကောင်းသလို အော်စကာ ၆ ဆု ဆန်ကာတင်တာထားတဲ့ ရုပ်ရှင်ကားကြီးပါ။ Little women ဆိုတာက ၁၈၆၈ နဲ့ ၁၈၆၉ မှာ အမေရိကန် စာရေးဆရာမကြီး လူဝီဆာ မေ အဲကော့ က ၂ ပိုင်းခွဲပြီးရေးသားခဲ့တဲ့ တကယ့် ဂန္ဓဝင်လက်ရာပါပဲ။ မာ့ချ် မိသားစုရဲ့ ညီအစ်မလေးယောက် ( မက်ဂ်၊ ဂျို၊ ဘက်သ် နဲ့ အေမီ) တို့ရဲ့ကလေးဘဝကနေ အရွယ်ရောက်လာတဲ့အထိ ဇာတ်လမ်းကို ရေးဖွဲ့ထားတာပါပဲ။ စာရေးသူနဲ့ သူ့ရဲ့ ညီအစ်မ ၃ ယောက်အပေါ်ကို အခြေခံထားတာမို့ Semi-autobiography လို့လည်း ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ လေရူးသုန်သုန် တို့ စစ်နဲ့ငြိမ်းချမ်းရေးတို့လို လူ့ဘဝတွေအကြောင်းကို အေးအေးဆေးဆေး လှလှပပလေး ဖော်ကျူးထားတာပါပဲ။ မိသားစုတွေ၊ လူငယ်တွေကြားက အချစ်တွေ၊ ရုန်းကန်မှုတွေ၊ ဘဝအပြောင်းအလဲတွေအကြောင်းပါပဲ။ တကယ်ကို ပျော်ဝင်သွားပြီး ခံစားချက်အစုံရမယ့် ဇာတ်လမ်းမျိုးလေးပါ။ ဒါလေး ဘာသာပြန်တင်ဆက်ခွင့်ရတာ ဝမ်းသာပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Littleneo က တင်ဆက်ထားပါတယ်။) File size…(8 GB) / (2.9 GB )/ (1.4 GB) Quality…WEB-DL 4K HEVC/ 1080p HEVC / 720p Format…mkv/mp4 Duration….02:15:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Littleneo
ဇာတ်ကားကြည့်ရန်