ကဲ အခုမိတ်ဆက်ပေးမှာကတော့ Mad Max, Atomic Blonde, Snow White and the Huntsman တို့အပြင် Fate of the furious အစရှိတဲ့ရုပ်ရှင်ကားတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Charlize Theron အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားတဲ့ Drama ကားအသစ်လေးပါ အကြမ်းအရမ်းပိုင်တဲ့ ထိုမင်းသမီးဟာ ဒရမ်မာကိုလည်း ရှယ်ပိုင်နိုင်တာကို တွေ့ရမှာဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ မာလိုတို့ မိသားစုလေးမှာ ရှစ်နှစ်အရွယ် သမီးကြီးဆယ်ရာရယ် အော်တစ်ဇင်ဖြစ်နိူင်ချေရှိတဲ့ သားလတ် ဂျိုနာရယ် အလုပ်အမြဲရှုပ်ပြီး ခရီးတွေခဏခဏထွက်ရတဲ့ ခင်ပွန်းသည်ဒရူးတို့ပါဝင်ပါတယ် မရည်ရွယ်ပဲ တတိယကိုယ်ဝန်ရရှိပြီး သမီးထွေးလေး မီယာကို မွေးဖွားပြီးတဲ့အခါမှာတော့ မာလိုတစ်ယောက် နေ့တိုင်းစိတ်ပင်ပန်းလူပင်ပန်းဖြစ်နေရရှာပါတယ်... မာလိုရဲ့ မောင်ပေးတဲ့ အကူအညီနဲ့အတူ တယ်လီလို့ အမည်ရတဲ့ ညကလေးထိန်းတစ်ယောက် သူတို့အိမ်ကိုရောက်လာတဲ့အခါမှာတော့... အမြဲတမ်းပျော်ရွှင်တက်ကြွပြီး ဗဟုသုတကြွယ်တဲ့ တယ်လီကြောင့် မာလို့ဘဝလေး ပြန်စိုပြေလာပါတော့တယ်.. ဒါပေမယ့် တယ်လီဆိုတာက... Plot Twist အကြီးကြီးပါဝင်ပြီး မိခင်တစ်ယောက်ရဲ့ဘဝဟာ ဘယ်လောက်ပင်ပန်းလဲဆိုတာ ရိုက်ကူးပြသထားပါတယ် IMDB 7.0 ရရှိထားပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ May Myat Thu ပါ) File Size : (750 MB) Quality : Blu-Ray 720p Running Time : 1hr 35min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-DRONES Translated by May Myat Thu Encoded by Thanhtike Zaw
ဇာတ်ကားကြည့်ရန်