4K
★ 6.5
ဇာတ်ကား / 2012Men in Black 3
အေးဂျင့်ကေနဲ့ အေးဂျင့်ဂျေတို့ ပြန်ပါလာတဲ့ ဒီဇာတ်လမ်းမှာ ဘိုးရစ်ဆိုတဲ့ အန္တရာယ်များတဲ့ ဂြိုလ်သားတစ်ကောင်ကို အာကာသထဲက လုံခြုံရေးတင်းကျပ်တဲ့ အကျဉ်းထောင်မှာ ချုပ်ထားပါတယ်။ ဘိုးရစ်က အေးဂျင့်ကေအပေါ် ရန်ငြိုးရှိနေသူပါ။ အရင်က ကေကြောင့် လက်တစ်ဖက် ပြတ်သွားဖူးပြီး ကေကပဲ သူ့ကို မသတ်ဘဲ အရှင်ဖမ်းလို့ ထောင်ထဲပို့ထားခဲ့တာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ အပြင်ကအကူအညီနဲ့ ဘိုးရစ် ထောင်က လွတ်သွားတယ်။ သူက ကေကို လက်စားချေဖို့အတွက် အဖမ်းမခံရသေးတဲ့ အတိတ်အချိန်ကို ပြန်သွားပြီး ကေကို သတ်ဖို့ ကြံစည်ပါတယ်။ အဲဒီအစီအစဉ် အောင်မြင်သွားပုံရပြီး အချိန်စက်ဝန်းလည်း ပြောင်းလဲသွားတယ်။ လူတိုင်းက ကေကို မေ့သွားကြပေမယ့် ဂျေတစ်ယောက်ကတော့ မှတ်မိနေဆဲပါ။ အဲဒီအခါ အတိတ်ကို ပြန်သွားပြီး ပြောင်းလဲသွားတဲ့ အဖြစ်အပျက်တွေကို ပြန်ပြင်ဖို့ ဂျေ့မှာ တာဝန်ရှိလာပါတော့တယ်။
ဇာတ်ကားကြည့်ရန်