The Beauty (2026) S01 ++++++++++ အပိုင်း ( ၁ မှ ၁၁ ) အထိ စ / ဆုံး Dahmer, American Horror Story တို့ရဲ့ ဖန်တီးရှင် Ryan Murphy ရဲ့ လက်ရာသစ်ဖြစ်တဲ့ Body horror ဇာတ်လမ်းတွဲအသစ် "The Beauty" ထွက်ရှိလာပြီပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့လည်း supermodel Bella Hadid၊ AHS, Dahmer မင်းသား Evan Peters၊ မင်းသမီး Rebecca Hall အစရှိတဲ့ နာမည်ကျော် မင်းသား၊မင်းသမီးနဲ့ မော်ဒယ်တွေပါဝင်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာပေါ်မှာ HIV ရောဂါတို့ ခွေးရူးပြန်ရောတို့လိုမျိုး ခန္ဓာကိုယ်အရည်တွေကနေတစ်ဆင့် (လိင်မှတစ်ဆင့်) ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်အသစ်တစ်ခု ပေါ်ပေါက်လာပါတယ်။ ဒါပေမဲ့ ဒီဗိုင်းရပ်စ်က တခြားရောဂါတွေနဲ့မတူဘဲ ကူးစက်ခံရသူကို ပိုမိုကျန်းမာစေတယ်၊ ကိုယ်အလေးချိန် ကျစေတယ်၊ ပြီးတော့ နတ်သား၊ နတ်သမီးတွေလို အပြစ်ပြောစရာမရှိအောင် လှပလာစေပါတယ်။ ဒါကြောင့် လူအများစုက ဒီဗိုင်းရပ်စ်ကို အတင်းအကြပ် ကူးစက်ခံယူဖို့အထိ ကြိုးစားလာကြပါတယ်။ ဒါပေမဲ့ ဒီအလှတရားနောက်ကွယ်မှာ ကြောက်မက်ဖွယ်ကောင်းတဲ့ ဘေးထွက်ဆိုးကျိုးတစ်ခု ရှိနေတာကို စုံထောက်နှစ်ယောက်က စတင်တွေ့ရှိသွားတဲ့အခါ...။ ဒီအလှတရားဟာ လူတွေအသက်အန္တရာယ်ကို ဘယ်လိုခြိမ်းခြောက်နေသလဲဆိုတာနဲ့ အစိုးရရဲ့ လျှို့ဝှက်ပူးပေါင်း ကြံစည်မှုတွေကို ရင်ခုန်စရာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ The Substance (2024) လိုမျိုး body horror ကားတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ မလွတ်တမ်းကြည့်သင့်တဲ့ စီးရီးတစ်ခုပဲဖြစ်ပါတယ်။ Size – 667MB / 347MB Quality –WEB-DL1080p HEVC / 720p Episodes - 11 Eps Duration - 44m Subtitle – Myanmar Hardsub Format – mkv /mp4 Genre : Drama , Sci-Fi
ဇာတ်ကားကြည့်ရန်