ပထမကမ္ဘာစစ်အပြီး အမေရိကန်မှာ နောက်ခံထားတဲ့ ဒီဇာတ်လမ်းထဲက ဘတ်ထ် ဘရန်ဆန်ဟာ စစ်ပြန်ဆရာဝန်တစ်ယောက်ပါ။ ဆေးခန်းဖွင့်ပြီး စစ်ပြန်ရဲဘော်တွေကို ကူညီကုသပေးနေသူဖြစ်ပေမယ့် ဆေးမျိုးစုံ စမ်းသပ်နေတာကြောင့် ဆေးကောင်စီရဲ့ သတိပေးမှုကို မကြာခဏ ခံနေရပါတယ်။ သူ့အချစ်ဆုံးသူငယ်ချင်း ဟာရိုးဝုမန်းကလည်း စစ်ပြန်တစ်ယောက်ဖြစ်ပြီး ရှေ့နေအဖြစ် သူနဲ့ ဆယ်နှစ်ကျော် အလုပ်တွဲလုပ်လာခဲ့သူပါ။ သူနာပြု ဗယ်လာရီကတော့ သူတို့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက် ဖြစ်ပါတယ်။ တစ်နေ့မှာ ဗိုလ်ချုပ်ဟောင်း ဘေလ်မီးကင်းစ်ရဲ့သမီးက သူ့အဖေသေဆုံးမှုကို စုံစမ်းပေးဖို့ ဟာရိုးဆီ အမှုလာအပ်တယ်။ ဒီအမှုကို လိုက်စုံစမ်းကြတဲ့အခါ သာမန်သေဆုံးမှုလား၊ လူသတ်မှုလားဆိုတာ ခွဲခြားရုံနဲ့ မပြီးတော့ဘဲ နိုင်ငံနဲ့ချီတဲ့ အရှုပ်တော်ပုံကြီးထဲ ရောက်သွားကြပါတယ်။ ခရစ်ရှန်ဘေး၊ မာဂေါ့ရော်ဘီနဲ့ ဂျွန်ဒေးဗစ်ဝါရှင်တန်တို့ အဓိကပါဝင်ထားပြီး မာဂေါ့ရော်ဘီက သူနာပြု ဗယ်လာရီအဖြစ် သရုပ်ဆောင်ထားပါတယ်။ ရာမီမာလက်ခ်နဲ့ အာညာ တေလာဂျွိုင်းတို့က အရေးပါတဲ့ ဇနီးမောင်နှံဇာတ်ကောင်နှစ်ယောက်အဖြစ် ပါဝင်ကြသလို ခရစ်စ်ရော့ခ်နဲ့ တေလာဆွစ်တို့လည်း ပါဝင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်