The Yeti (2026) ++++++++ ရေနံသူဌေးကြီး မာရီယယ်ဆန်းဒေး စီနီယာတစ်ယောက် အလက်စကာမြောက်ပိုင်းမှာ ရေနံတူးဖော်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ထွက်သွားပြီး သိပ်မကြာပါဘူး။ သူဌေးကြီး ဦးဆောင်တဲ့ စူးစမ်းလေ့လာရေးအဖွဲ့ တစ်ဖွဲ့လုံးက ပျောက်ချင်းမလှ ပျောက်သွားခဲ့တယ်။ အဖွဲ့ကို ပြန်လာခေါ်တဲ့ သင်္ဘောဆီကို SOS အချက်ပြမှုတစ်ခုပဲ ရောက်လာပြီးနောက် လူတွေကတော့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒီတော့ သားဖြစ်သူ မာရီယယ်ဆန်းဒေး ဂျူနီယာက ကျွမ်းကျင်သူတွေစုပြီး နောက်ကလိုက်ဖို့ ပြင်ကြတာပေါ့။ သူစုစည်းလိုက်တဲ့ ကျွမ်းကျင်သူတွေထဲ အယ်လီဘန်နစ္စတာဆိုတဲ့ အမျိုးသမီး တစ်ဦးလည်း ပါဝင်တယ်။ သူမကတော့ ရေနံသူဌေးကြီးရဲ့အဖွဲ့မှာ လိုက်ပါသွားတဲ့ နာမည်ကျော် စွန့်စားသူ ဟောလစ်ဘန်နစ္စတာရဲ့ သမီးပါ။ နောက်ကလိုက်လာတဲ့ သူတို့အဖွဲ့က သူဌေးကြီးတို့ စခန်းချရာနေရာကို ရှာမတွေ့ခင်မှာပဲ သင်္ဘောရပ်နားရာနေရာက မုန်တိုင်းတိုက်လာပြီး အဆက်အသွယ်ပြတ်သွားပါတော့တယ်။ သံလိုက်ဝင်ရိုးစွန်းနဲ့နီးလို့ သံလိုက်အိမ်မြှောင်လည်း မြောက်အရပ်တွေ တောင်အရပ်တွေ မပြတော့ဘူး။ နှင်းတောထဲ စမ်းတဝါးဝါးနဲ့ ဖအေရှာပုံတော် ဖွင့်နေကြတဲ့အချိန် သူတို့ကို လိုက်လံချောင်းမြောင်းနေတဲ့ သတ္တဝါကြီးတစ်ကောင်ကလည်း နှင်းတောထဲမှာ ရှိနေပြန်ရော။ အယ်လီဘန်နစ္စတာနေရာမှာတော့ မင်းသမီး Brittany Allen ဖြစ်ပြီး ရေနံသူဌေးလေးနေရာကိုတော့ မင်းသား Eric Nelsen က သရုပ်ဆောင်ပေးထားပါတယ်။ File Size… (0.97GB) / (578MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 33m Genre ….Horror Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်