ပေါလ် ရှာပတ်ဆန်ဟာ CIA ကနေ အငြိမ်းစားယူထားတဲ့ အေးဂျင့်တစ်ယောက်ပါ။ အမေရိကန်နဲ့ ရုရှားတို့ကြား ဆက်ဆံရေးတင်းမာနေချိန်မှာ ရုရှားနဲ့ ပတ်သက်မှုရှိတဲ့ အမေရိကန်လွှတ်တော်အမတ်တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရတယ်။ သတ်ဖြတ်ပုံက လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ပေါလ် ဖမ်းဆီးမရခဲ့တဲ့ ဆိုဗီယက်လူသတ်သမား ကက်ရှီးယပ်စ်ရဲ့ လက်ချက်နဲ့ ဆင်တူနေပါတယ်။ ဒီအမှုကို ဖြေရှင်းဖို့ ပေါလ်ဟာ ကက်ရှီးယပ်စ်အမှုကို အထူးလေ့လာထားတဲ့ FBI အေးဂျင့် ဘန် ဂီရီနဲ့ လက်တွဲရပါတော့တယ်။ နှစ်ယောက်သား စုံစမ်းရင်း တွေ့လာတဲ့ လျှို့ဝှက်ချက်တွေကြောင့် တစ်ယောက်ကိုတစ်ယောက် သံသယဝင်လာကြတယ်။ ပေါလ်နဲ့ ကက်ရှီးယပ်စ်ကြားမှာ ဘယ်လိုအတိတ်တွေ ရှိခဲ့သလဲ၊ ဘန်ကရော ကက်ရှီးယပ်စ်အကြောင်းကို ဘာကြောင့် ဒီလောက်စွဲလမ်းနေရတာလဲ။ သူတို့နှစ်ယောက် ဖုံးကွယ်ထားတဲ့အရာတွေနဲ့ တရားခံအစစ် ဘယ်သူလဲဆိုတဲ့ မေးခွန်းတွေကို Richard Gere ပါဝင်ထားတဲ့ ဒီအက်ရှင်မှုခင်းဇာတ်ကားမှာ ဆက်ဖော်ပြထားပါတယ်။
ဇာတ်ကားကြည့်ရန်