The Hoodoos (2026) အမေရိကန်ပြည်တွင်းစစ်ကာလကတည်းက မာမားဂျူး ဆိုတဲ့ အရမ်းအစွမ်းထက်တဲ့ အောက်လမ်းဆရာမတစ်ဦး ရှိခဲ့တယ်။ သူ့ရဲ့ အောက်လမ်းက အရမ်းအစွမ်းထက်တဲ့အပြင် ဝိညာဥ်တွေကိုပါ အလဲအလှယ်အနေနဲ့ ယူပြီး မွေးထားတယ်။ အဲဒီခေတ်မှာတုန်းက ကွန်ဖက်ဒရိတ်တွေပိုင်တဲ့ ရွှေသေတ္တာကြီးတွေကိုလည်း သူ့အိမ်ကြီးထဲက တစ်နေရာမှာ မြှုပ်ထားခဲ့တယ်။ မာမားဂျူး သေသွားပြီးတာတောင် သူ့ရဲ့ ရာဇဝင်က မသေခဲ့ပါဘူး။ သူ့အိမ်ကြီးထဲကို ဝင်ပြီး ရွှေတွေကို ဝင်ယူတဲ့ ဘယ်သူမဆို အဖြစ်ဆိုးတွေနဲ့ ကြုံရတာကြောင့် ဘယ်သူမှ မဝင်ရဲတော့ဘဲ နှစ်ရာပေါင်းများစွာကြာတဲ့အထိ အိမ်အိုကြီးတစ်လုံးအနေနဲ့ပဲ ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ မော်ဒန်ခေတ်ကို ရောက်လာတဲ့အခါမှာတော့ မာမားဂျူး ရဲ့ ရွှေတွေကို စိတ်ဝင်စားနေတဲ့ ကပ်ပတိန်ဆိုတဲ့လူက တက်သစ်စ သူခိုးအဖွဲ့တစ်ဖွဲ့ကို ငှားပြီး ရွှေတွေကို ပြန်ရှာဖို့ အစီအစဥ်ကြီးတစ်ခုကို စပါတော့တယ်။ ဒီ ခိုးယူမှုက အောက်လမ်းတွေနဲ့ပါ ပတ်သက်နေတဲ့အပြင် ဗူဒူးဆရာအစစ်တွေကလည်း မာမားဂျူးရဲ့ ကိစ္စတွေနဲ့ မပတ်သက်ရဲတာကြောင့် အွန်လိုင်းမှာ လူတွေကို ဂျင်းထည့်ပြီး ဗူဒူးဆရာယောင်ယောင်လုပ်နေတဲ့ ဟက်ချ်ကိုပါ ဖမ်းခေါ်လာခဲ့ပြီး အစီအစဥ်ကြီးကို စတင်ပါတော့တယ်။ File Size - 1.7 GB/ 520 MB Quality - AMZN WEB-DL 1080p/ 720p Duration - 1h 30m Format - mp4 Genre - Horror Subtitle - Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်