၁၉၅၇ ခုနှစ်ဇာတ်ကားဖြစ်တာမို့ ဒီဘက်ခေတ်နဲ့ ဝေးတယ်လို့ ထင်ရပေမယ့် Plot ပိုင်းကတော့ ဒီဘက်ခေတ်ဇာတ်ကားတွေ လက်ဖျားခါလောက်ပါတယ်။ Acting ပိုင်းလောက်ပဲ gap ကွာတယ်လို့ ခံစားရပြီး ဒုတိယကမ္ဘာစစ်ခေတ်နှောင်းပိုင်း ယဉ်ကျေးမှုတွေကို မြင်တွေ့နိုင်ပါတယ်။ ဇာတ်လမ်းတစ်ခုလုံးကို တရားခွင်မှာပဲ အဓိကထား ရိုက်ကူးထားပြီး တရားပြိုင်ရှေ့နေနှစ်ယောက်ရဲ့ ဉာဏ်ရည်ဥာဏ်သွေးပိုင်းဆိုင်ရာ ယှဉ်ပြိုင်မှုက အားရစရာသိပ်ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ကျန်းမာရေးကို ဂရုမစိုက်ဘဲ နက်နဲတဲ့ရာဇဝတ်မှုတွေကို လိုက်ရတာ သဘောကျတဲ့ ရှေ့နေကြီးတစ်ယောက်ဟာ ဆေးရုံက ဆင်းဆင်းချင်း လူသ-တ်မှုတစ်ခုကို ကိုင်တွယ်ဖို့ ဖြစ်လာပါတယ်။ တရားခံဘက်က ရှေ့နေလိုက်ရမှာဖြစ်ပြီး နိုင်နိုင်ချေ ရာနှုန်းက တော်တော်ကို နည်းတဲ့အမှုပါ။ တရားခံဘက်က မျက်မြင်သက်သေဆိုလို့ သူ့အမျိုးသမီးတစ်ယောက်သာ ရှိပေမယ့် အဲဒီအမျိုးသမီးကလည်း သူ့ယောက်ျားကို ချောက်ချချင်နေတဲ့ အရိပ်အယောင်တွေကြောင့် ရှေ့နေကြီးတို့ကပဲ တရားခံအမျိုးသားဘက်ကနေ အမှုလိုက်ဖို့ ပြင်ဆင်ခဲ့ပါတယ်။ ရှေ့နေကြီးထင်တဲ့အတိုင်းပဲ အဆိုပါအမျိုးသမီးဟာ တရားလိုဘက်ကနေပါ သူ့အမျိုးသားဖြစ်သူကို ကျူးလွန်သူဖြစ်ကြောင်း သက်သေထွက်ဆိုခဲ့ပါတယ်။ လူသတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိနေခဲ့တာလဲ။ အမျိုးသမီးကရော ဘာအငြိုးကြောင့် အခုလို ထွက်ဆိုရတာလဲ။ တရားခွင် အားပြိုင်မှုတွေကို စိတ်ဝင်တစားကြည့်ရမယ့် ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(2.1GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre... Crime, Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်