ဆေးဖက်အကူလုပ်သား ဖရန့်ပီရာစ့်ဟာ အလုပ်ကနေ ရလာတဲ့ စိတ်ဒဏ်ရာတွေနဲ့ နေ့စဉ်ရင်ဆိုင်နေရပါတယ်။ သေဆုံးသူတွေနဲ့ မကြာခဏ ထိတွေ့ရတဲ့အတွက် အိပ်မပျော်တာ၊ ကြောက်လန့်တာနဲ့ ထင်ယောင်ထင်မှားဖြစ်တာတွေ ခံစားနေရပြီး ဝိညာဉ်တွေကိုလည်း မြင်လိုက်သလို မမြင်လိုက်သလို ဖြစ်နေတတ်တယ်။ သူ့အလုပ်နဲ့ ပတ်ဝန်းကျင်က သူ့စိတ်အခြေအနေအပေါ် ဘယ်လောက်သက်ရောက်နေသလဲဆိုတာကို ဇာတ်လမ်းတစ်လျှောက် တွေ့ရပါတယ်။ ဇာတ်ကောင်တွေရဲ့ အပြုအမူနဲ့ ပြောစကားတွေကို နားလည်ရခက်အောင် တင်ပြထားပုံက American Psycho ကို သတိရစေနိုင်ပေမယ့် ဒီကားမှာတော့ အရာရာကို ပြန်ရှင်းမပြဘဲ မရေမရာနဲ့ မွန်းကြပ်နေတဲ့ ခံစားမှုကို ဆက်ထိန်းထားပါတယ်။ အဓိပ္ပာယ်နှစ်မျိုး ယူနိုင်တဲ့ ပြကွက်တွေနဲ့ အရောင်အသွေးအသုံးအနှုန်းတွေကြောင့် ကြည့်သူတစ်ယောက်ချင်းရဲ့ ခံစားချက်ပေါ်မူတည်ပြီး အမြင်ကွဲနိုင်တဲ့ တင်ပြပုံမျိုးပါ။ ၁၉၉၉ ခုနှစ်ထွက် ဒီသည်းထိတ်ရင်ဖိုဒရာမာကို Martin Scorsese ရိုက်ကူးထားပြီး Nicolas က အဓိကသရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်