ဒီဇာတ်ကားက ပိုစတာကိုကြည့်ပြီး အထင်မှားစေနိုင်တဲ့ ဇာတ်ကားမျိုးပါ။ Steven Seagal ပါတယ်ဆိုပြီး အက်ရှင်ကားကြီးလို့ ထင်ရနိုင်ပါတယ်။ ဒါပေမဲ့ George Eads (CSI မင်းသား) အဓိကပါဝင်ထားပြီး လောင်းကစားလောကအကြောင်း ရိုက်ကူးထားတဲ့ မှုခင်းဒရာမာ (Noir) ဇာတ်ကားမျိုး ဖြစ်ပါတယ်။ George Eads က အကြွေးပတ်လည်ဝိုင်းနေတဲ့ လောင်းကစားသမားတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာဖြစ်လို့ ကြည့်ရှုသူတွေအတွက် ဆွဲဆောင်မှုရှိနေပါတယ်။ Stephen Lang နဲ့ Ted Levine တို့လို ဝါရင့်သရုပ်ဆောင်တွေ ဗီလိန်အဖြစ် ပါဝင်ထားကြပေမယ့် ဇာတ်လမ်းဇာတ်ကွက်က ရှုပ်ထွေးလွန်းပါတယ်။ Las Vegas မြို့ရဲ့ အငွေ့အသက်ကို ကောင်းကောင်းပုံဖော်ထားပေမယ့် Steven Seagal က ဧည့်သည်သရုပ်ဆောင်လောက်သာ ပါဝင်ထားတာဖြစ်လို့ ဇာတ်လမ်းက သိပ်ပြီး ရင်ခုန်စရာမကောင်းပါဘူး။ ဒီကားက အပျင်းပြေ မှုခင်းဒရမ်မာ ဇာတ်ကားတစ်ကားကို ပေါ့ပေါ့ပါးပါး ကြည့်ချင်တယ်ဆိုတဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ…။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Subtitle….Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်