Surfacing (2026) IMDb Rating (5.0) စိတ်ကျန်းမာရေးဆိုင်ရာ ရုန်းကန်မှုတွေကို ထူးခြားတဲ့ ရှုထောင့်တစ်ခုကနေ တင်ဆက်ထားတဲ့ Psychological Drama ကားကောင်းတစ်ကား ဖြစ်ပါတယ်။ Ginny & Georgia ထဲက Damian Romeo နဲ့ Cindy Sampson တို့ရဲ့ အားပြိုင်မှုကို မြင်တွေ့ရမှာပါ။ Damian ရဲ့ စိတ်ကျရောဂါခံစားရသူတစ်ဦးရဲ့ ပုံဖော်မှုက တကယ့်ကို ပီပြင်ပါတယ်။ ဇာတ်လမ်းကတော့ ပြင်းထန်တဲ့ စိတ်ကျရောဂါ (Severe Depression) ကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့ လူငယ်တစ်ဦးအကြောင်းပါ။ သူဟာ သူ့ရဲ့ဘဝကို အဆုံးသတ်ဖို့အထိ တွေးတောခဲ့ဖူးပြီး ကိုယ့်ကိုယ်ကိုယ် ချစ်နိုင်ဖို့နဲ့ သူတစ်ပါးရဲ့ အချစ်ကို လက်ခံနိုင်ဖို့ ခက်ခဲနေသူပါ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတစ်ခုကတော့ သူဟာ သူ့ကို ကုသပေးနေတဲ့ စိတ်ကျန်းမာရေး ဆရာဝန်မရဲ့ ကိုယ်ပိုင်ဘဝ ပြဿနာတွေထဲမှာ မတော်တဆ ပါဝင်ပတ်သက်သွားမိတာပါပဲ။ အမြဲတမ်း တည်ငြိမ်ပြီး အားကိုးလို့ရနိုင်တယ်လို့ထင်ရတဲ့ သူ့ဆရာဝန်မကြီးကိုယ်တိုင်လည်း သူ့လိုပဲ နာကျင်မှုတွေ၊ အကူအညီတွေ လိုအပ်နေတာကို သိလိုက်ရတဲ့အခါမှာတော့.. သူဟာ တစ်ဖက်လူကို ပြန်လည်ကူညီပေးရင်းနဲ့မှ ကိုယ့်ကိုယ်ကိုယ်ပြန်လည်ရှာဖွေပုံကို ရိုက်ကူးထားတဲ့ Mental Health & Healing ဒရမ်မာကားကောင်းတစ်ခုဖြစ်ပါတယ်။ File size… (1.3 GB) / (800 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Romance Duration…. 01:54:55 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်