Doc 2025 IMDb 7.0/10 မင်းသမီးကြီး Molly Parker နဲ့ မင်းသားကြီး Omer Metwallyတို့ရဲ့ comeback seriesသစ်လေးဖြစ်တဲ့ medical dramaအသစ်စက်စက်လေးကို CM ပရိသတ်တို့ရှုစားနိုင်ဖို့အတွက် အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ ထူးထူးခြားခြားပဲ zero to heroဖြစ်အောင် ကြိုးစားသွားတဲ့ဇာတ်လမ်းလေးမဟုတ်ဘဲ hero to zeroအဖြစ်ကနေ တစ်ဆင့်ချင်းပြန်တက်လှမ်းရမယ့်ဒေါက်တာအေမီလာဆန်အကြောင်းပေါ့။ အေမီလာဆန်လို့ပြောလိုက်တာနဲ့ တစ်ဆေးရုံလုံးက ဖိန့်ဖိန့်တုန်အောင်ကြောက်ရတဲ့ ဆေးပညာဌာနရဲ့ ဌာနမှူး သိပ်ကိုထက်မြက်ပြီး သိပ်တော်တဲ့ဆရာဝန်ပေမဲ့ အမှားဆို နည်းနည်းလေးမှလက်မခံနိုင်သလို သိပ်ကိုအပေါက်ဆိုးတဲ့ ဆရာဝန်တစ်ယောက်ပေါ့။ ဒါပေမဲ့ ဒေါက်တာလာဆန်တစ်ယောက် မတော်တဆမှုဖြစ်အပြီးမှာ ဦးနှောက်ခွဲစိတ်မှုကြောင့် လွန်ခဲ့တဲ့ 8 နှစ်က မှတ်ဉာဏ်တွေအကုန်ပျောက်သွားတဲ့အခါမှာတော့.... ဘဝမှာဖြစ်ခဲ့သမျှ အရာအားလုံး အသစ်လိုခံစားနေပြီးတော့ စိတ်ပျက်အားငယ်နေပေမဲ့ ဆရာဝန်သိပ်ဖြစ်ချင်ခဲ့တဲ့ဆန္ဒကိုတော့ လက်မလျှော့နိုင်တဲ့လာဆန်တစ်ယောက် သူဌာနမှူးဖြစ်ခဲ့ဖူးတဲ့ ဆေးပညာဌာနမှာပဲ အလုပ်သင်အဖြစ်နဲ့ သူ့ရဲ့မှတ်ဉာဏ်တွေကို တစ်စစီ ဘယ်လိုလိုက်ပြန်ရှာမလဲဆိုတာကို CMနဲ့အတူ ရှုစားလိုက်ရအောင်ပါ။ File Size – 800 MB (Appx;)@Episode Quality – 1080p WEB DL Duration –45 minute (@Episode) Total Episodes :3 Eps Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Translator – Alex Encoder – YK
ဇာတ်ကားကြည့်ရန်