လီယိုနဲ့ သူ့ဇနီး အန်ဂျလာရူဆိုတို့ဟာ အီတလီ-အမေရိကန် ရူဆိုမိသားစုဝင်တွေဖြစ်ပြီး လီယိုက မိသားစုရဲ့ ဆောက်လုပ်ရေးလုပ်ငန်းမှာ အလုပ်လုပ်ပါတယ်။ သူတို့ရဲ့သား စတစ်ကတော့ ဘတ်စကတ်ဘောကစားရာမှာ ထူးချွန်သူတစ်ယောက်ပါ။ တစ်နေ့ ကျောင်းဘတ်စကတ်ဘောပြိုင်ပွဲအပြီးမှာ လီယိုက ကစားသမားရှာဖွေသူတစ်ယောက်နဲ့ ဆုံဖြစ်ရာက သားအတွက် ဘတ်စကတ်ဘောကစားရင်း ကောလိပ်တက်နိုင်မယ့် ပညာသင်ဆုအခွင့်အရေးရှိနေကြောင်း သိလိုက်ရတယ်။ လီယိုက ဒီအခွင့်အရေးကို အလွန်စိတ်လှုပ်ရှားပြီး သားကို ရစေချင်ပေမယ့် ရူဆိုမိသားစုကတော့ အကောင်းမမြင်ကြပါဘူး။ စတစ်ကလည်း ပညာသင်ဆုအတွက် လေ့ကျင့်မှုမစရသေးခင်မှာ ချစ်သူရဲ့လမ်းခွဲခြင်းကို ခံလိုက်ရတယ်။ အဲဒီနောက် စိတ်ဓာတ်ကျပြီး မစားနိုင်မသောက်နိုင် ဖြစ်နေတဲ့သားကို တွေ့ရတော့ လီယိုလည်း ဒီအတိုင်းမနေနိုင်တော့ဘဲ အစွမ်းကုန် ကူညီမြှင့်တင်ပေးဖို့ ကြိုးစားပါတော့တယ်။ သားအပေါ် မျှော်လင့်ချက်ကြီးထားတဲ့ ဖခင်တစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ မိသားစုဇာတ်ကားဖြစ်ပြီး လူရွှင်တော် Ray Romano က ဒါရိုက်တာအဖြစ် တာဝန်ယူသလို ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်ကားကြည့်ရန်