★ 7.1
ဇာတ်ကား / 2014Starred Up
အသက် ၁၉ နှစ်အရွယ် Eric Love ဟာ လူကြီးထောင်ကို ပြောင်းရွှေ့ခံလိုက်ရပါတယ်။ အဲဒီထောင်မှာ သူ့အဖေ Neville ကလည်း အကျဉ်းသားအဖြစ် ရှိနေပြီးသားပါ။ ဒေါသကြီးပြီး စိတ်ဆတ်တဲ့ Eric အတွက် ကြမ်းတမ်းတဲ့ အကျဉ်းသားတွေကြား နေထိုင်ရတာဟာ ရုန်းကန်ရမယ့် ဘဝသစ်တစ်ခု ဖြစ်လာတယ်။ အဖေဖြစ်သူကလည်း သား ထောင်ထဲမှာ အခြေကျနိုင်ဖို့ ကူညီပေးဖို့ ကြိုးစားပါတယ်။ ဗြိတိသျှဒါရိုက်တာ David Mackenzie ရိုက်ကူးထားပြီး Eric အဖြစ် Jack O’Connell ပါဝင်ထားပါတယ်။ အုတ်နံရံနဲ့ သံတိုင်တွေကြားက ကြမ်းတမ်းတဲ့ဘဝ၊ အမုန်းတရားနဲ့ ဒေါသတွေအပြင် သားအဖနှစ်ယောက်ကြားက မေတ္တာကိုပါ ပြထားတယ်။ အက်ရှင်ခန်းတွေနဲ့ စကားအသုံးအနှုန်းတွေကလည်း ကြမ်းတမ်းပါတယ်။
ဇာတ်ကားကြည့်ရန်