အေမီ အော်လ်ဒန်ဟာ မတော်တဆမှုတစ်ခုမှာ မိခင်ကို ဆုံးရှုံးလိုက်ရပြီးနောက် မိခင်နဲ့ ကွာရှင်းထားတဲ့ ဖခင် သောမတ် အော်လ်ဒန်ရှိရာ ကနေဒါကို ပြောင်းနေခဲ့ရပါတယ်။ တစ်နေ့ အိမ်ဘေးက စိမ့်တောထဲမှာ ဖျက်ဆီးခံရတော့မယ့် ကနေဒါဘဲငန်းဥလေးတွေကို တွေ့ပြီး ကယ်တင်ခဲ့တယ်။ အဲဒီကနေ သားအဖနှစ်ယောက် ဘဲငန်းလေးတွေကို ကြီးပြင်းလာတဲ့အထိ အတူမွေးမြူဖြစ်သွားကြပါတယ်။ ကနေဒါဘဲငန်းတွေက ရာသီအလိုက် ရွှေ့ပြောင်းကျက်စားကြတဲ့အတွက် ဆောင်းရာသီရောက်ရင် တောင်ဘက်ကို သွားဖို့လိုလာတယ်။ အေမီနဲ့ ဖခင်လည်း အသေးစားလေယာဉ်နှစ်စီးနဲ့ မိုင် ၅၀၀ ကျော်ခရီးကို လိုက်ပါပြီး ဘဲငန်းတွေ ဘေးကင်းကင်းရောက်အောင် လမ်းပြပေးရတော့မှာပါ။ ခရီးမစခင်ကတည်းက ကြုံရတဲ့ အခက်အခဲတွေ၊ လမ်းတစ်လျှောက်က အတွေ့အကြုံတွေနဲ့အတူ သားအဖနှစ်ယောက်နဲ့ ဘဲငန်းလေးတွေကြားက သံယောဇဉ်ကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းကို ဖန်တီးထားတာဖြစ်ပေမယ့် လေယာဉ်အပေါ့စားတွေနဲ့ ဘဲငန်းတွေကို စားကျက်ဆီ လမ်းပြပေးခဲ့တာကတော့ အပြင်မှာ တကယ်ကြိုးစားပြီး အောင်မြင်ခဲ့တဲ့ ဖြစ်ရပ်ပါ။
ဇာတ်ကားကြည့်ရန်