ရော်ဘင်လောင်းစတွိုက်ဟာ ဘုရင်ရစ်ချတ်ရဲ့ ခရူးဆိတ်စစ်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ လေးသည်တော်တစ်ယောက်ပါ။ အင်္ဂလန်ကို ပြန်ဖို့ကြိုးစားနေချိန် ပြင်သစ်နဲ့ အင်္ဂလန်ကြားက နိုင်ငံရေးအခြေအနေတွေကြောင့် နော့တင်ဟမ်က ဆာရောဘတ်လော့ဇ်စလေအဖြစ် အယောင်ဆောင်ပြီး ပြန်ရဖို့ အကြောင်းဖန်လာပါတယ်။ အင်္ဂလန်ရောက်လာတဲ့ ရော်ဘင်အတွက် တခြားလူတစ်ယောက်ရဲ့အမည်နဲ့ ဆက်နေရမယ့်အပြင် ရောဘတ်ရဲ့ဇနီးဖြစ်ခဲ့သူ မယ်ရီယွန်နဲ့လည်း ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ရှိနေပါတယ်။ တစ်ဖက်မှာလည်း ပြင်သစ်ရဲ့ ကျူးကျော်စစ်က နီးကပ်လာပြီး အင်္ဂလန်က ပြည်တွင်းစစ်ဖြစ်လုနီးပါး အခြေအနေကို ရောက်နေတယ်။ ဒီလိုအချိန်မှာ သာမန်လေးသည်တော်တစ်ယောက်က နိုင်ငံကို ကယ်တင်နိုင်ပါ့မလား၊ သူ့ဘဝကနေ ဒဏ္ဍာရီတစ်ခု ဘယ်လိုဖြစ်လာမလဲဆိုတဲ့ အကြောင်းကို ဆက်ပြထားပါတယ်။ Russell Crowe နဲ့ Cate Blanchett တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်၊ စွန့်စားခန်းနဲ့ ဒရာမာဇာတ်ကားပါ။
ဇာတ်ကားကြည့်ရန်